
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တက်ခဲ့တဲ့ BRICS အစည်းအဝေးမှာ နည်းပညာနဲ့ အရေးကြီးသတ္တုတွေကို လက်နက်အဖြစ်သုံးမှုကို သတိပေးခဲ့ပါတယ်။
မိုဒီက BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ကူးစက်ရောဂါတွေအတွက် ကြိုတင်သတိပေးစနစ်တခုကို သဘောတူခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် အချက်အလက်ပေါင်းစပ်မှု လမ်းညွှန်ချက်တွေကို ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
BRICS မှာ မူလအဖွဲ့ဝင်တွေဖြစ်တဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့အပြင် အီရန်၊ အင်ဒိုနီးရှား၊ အီဂျစ်၊ အီသီယိုးပီးယားနဲ့ ယူအေအီး (UAE) တို့ပါ အဖွဲ့ဝင်အသစ်အဖြစ် ထပ် ပါလာခဲ့ပါတယ်။
ဒီအဖွဲ့ကို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အမေရိကန်လွှမ်းမိုးထားတဲ့ ကမ္ဘာ့အစီအစဉ်ပုံစံကို ပြောင်းဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာပါ။
ဒါ့အပြင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတို့က ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံ ၁၀ နိုင်ငံက မိတ်ဖက်နိုင်ငံတွေ ပါဝင်လာလို့ ဒီအဖွဲ့ရဲ့ လွှမ်းခြုံနိုင်စွမ်းဟာ ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေအထိ ကျယ်ပြန့်လာခဲ့ပါတယ်။
Source:Reuters











