
အိန္ဒိယနိုင်ငံမှာ သြဂုတ် ၁၅ ရက်က လွတ်လပ်ရေးနေ့ကို ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက လူငယ်တွေဟာ နိုင်ငံအောင်မြင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
မြို့တော် နယူးဒေလီရဲ့ သမိုင်းဝင်ခံတပ်နီကနေ မိန့်ခွန်းပြောရာမှာ မိုဒီက ထည့်ပြောလိုက်တာပါ။
အစိုးရဟာ ယှဉ်ပြိုင်မှုစာမေးပွဲတွေအတွက် အခမဲ့ အွန်လိုင်းနည်းပြသင်ခန်းစာတွေ ပေးမယ်လို့လည်း ကြေညာခဲ့ပါတယ်။
မိုဒီဟာ မကြာသေးမီက ပညာရေးနဲ့ အလုပ်အကိုင်အပေါ် လူငယ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
မိုဒီရဲ့ တတိယသက်တမ်းမှာ အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းဖြစ်ခဲ့ပြီး ဇူလိုင်လမှာ တင်းမာမှု အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။
ပြည်လုံးကျွတ်စာမေးပွဲမှာ မေးခွန်းပေါက်ကြားမှုကြောင့် ကျောင်းသား ၂ သန်း စာမေးပွဲ ပြန်ဖြေဖို့ အတင်းအကျပ်ခိုင်းစေခဲ့တဲ့အတွက် အခွင့်အလမ်းမရှိခြင်းအပေါ် အိန္ဒိယလူငယ်တွေရဲ့ ဒေါသကို ပိုဆိုးရွားစေခဲ့ပါတယ်။
ဒီကိစ္စအတွက် ပညာရေးဝန်ကြီးက ရာထူးကနေ နုတ်ထွက်ပေးခဲ့ပြီးတဲ့နောက် ပြည်လုံးကျွတ် သပိတ်မှောက်မှုကို အဆုံးသတ်ခဲ့ပါတယ်။
အိန္ဒိယဟာ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့ပြီး ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှု နှစ်ပေါင်း ၂၀၀ ကျော်ကို အဆုံးသတ်ခဲ့ပါတယ်။
Source: Reuters











