ပိုလန်နိုင်ငံထဲ ရုရှားဒုံးကျည်များ ကျရောက်၊ အန္တရာယ်ရှိသည့် ဖြစ်ရပ်ဟု NATO အကြီးအကဲပြော

ရုရှားဒုံးကျည်တွေ ပိုလန်နိုင်ငံ နယ်မြေထဲကို သောကြာနေ့က ဝင်လာခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဟုတ်၊ မဟုတ်ကို ပိုလန်နဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO မဟာမိတ်နိုင်ငံတွေက အတည်ပြု ဆုံးဖြတ်ဖို့ လိုအပ်နေသေးတယ်လို့ NATO အကြီးအကဲ မာ့ခ်ရူတေက နိုဝင်ဘာ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။
"ဒါဟာ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တခု ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ဒါဟာ ရုရှားဘက်ကနေ ဖြစ်လာ တာပါ" လို့ သူက ဘာလင်မြို့တော် မှာမဟာမိတ်အဖွဲ့ရဲ့ လွှတ်တော် အစည်းအဝေး တခုမှာ ပြောပါတယ်။
"ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ဟုတ်၊ မဟုတ် ဆိုတာကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကပဲ ဆုံးဖြတ်ရမှာပါ။ ကျနော်ကတော့ ဘာမှ ခန့်မှန်းပြောဆိုမှာ မဟုတ်ပါဘူး" လို့ ရူတေက ပြောပါတယ်။
ပိုလန်နဲ့ NATO မဟာမိတ်နိုင်ငံတွေအနေနဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့တာတွေကို စိစစ် သုံးသပ်ပြီးမှသာ မှတ်ချက်ပေးနိုင်မယ်လို့လည်း ရူတေက ဖြည့်စွက်ပြောခဲ့ပါတယ်။
Source: Reuters











