DVB Logo
Home
နိုင်ငံတကာ
USS ဂျော့ချ် ဝါရှင်တန် လေယာဉ်တင်သင်္ဘော လေကြောင်းစစ်ဆင်ရေးအတွက် လေ့ကျင့်
DVB
·
September 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ USS ဂျော့ချ် ဝါရှင်တန် လေယာဉ်တင်သင်္ဘောပေါ်က အရာရှိတွေက အသင့်အနေအထားကို မြှင့်တင်ထားတယ်လို့ ပြောခဲ့ပြီး ညဘက် လေကြောင်းစစ်ဆင်ရေးတွေအတွင်း တိုက်လေယာဉ်တွေ ပျံတက်၊ ပျံဆင်းတာတွေကို လေ့ကျင့်ခဲ့ပါတယ်။

တာဝန်ထမ်းဆောင်ချိန် သက်တမ်းတိုးပြီးတဲ့နောက် ပြန်ထွက်သွားတဲ့ USS အေဘရာဟင်မ် လင်ကွန်း လေယာဉ်တင်သင်္ဘောနေရာမှာ USS ဂျော့ချ် ဝါရှင်တန် သင်္ဘောက အစားထိုး ဝင်ရောက်ပြီး ဒေသတွင်းမှာ လှုပ်ရှားဆောင်ရွက်နေတာပါ။

လေယာဉ်တင်သင်္ဘော နှစ်စင်းစလုံးက အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ လုံခြုံရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို အထောက်အပံ့ ပေးခဲ့ကြပါတယ်။

လေယာဉ်ပြေးလမ်းပေါ်က ဝန်ထမ်းတွေက လေယာဉ်တွေကို ပျံတက်၊ ပျံဆင်းနဲ့ ပြင်ဆင်ခြင်းလုပ်ငန်းတွေအတွက် တနေ့တာလုံး အနားမယူဘဲ လုပ်ကိုင်နေရတယ်လို့ ပြောရင်း အလွန်အလုပ်များတဲ့ လုပ်ငန်းခွင်အခြေအနေကို ပြောပြခဲ့ကြပါတယ်။

လုပ်ငန်းဆောင်တာတွေ တိုးမြှင့်လုပ်ဆောင်နေရပေမဲ့ အဓိကလုပ်ငန်းစဉ်တွေက အပြောင်းအလဲ မရှိသလောက်ဘဲလို့ ဝန်ထမ်းတွေက ပြောပါတယ်။

နေ့ရောညပါ ပုံမှန်ပျံသန်းရေး အချိန်ဇယားအတိုင်း ဆက်ပျံသန်းနေဆဲပါလို့ လေယာဉ် ကိုင်တွယ်ထိန်းသိမ်းရေး အရာရှိ အိုင်ဇေယျာ ဂျွန်ဆင်က ပြောပါတယ်။

ဝန်ထမ်းတွေက ပိုမြင့်တဲ့ သတိပေးအဆင့်နဲ့ လုပ်ဆောင်နေရပြီး လေယာဉ်တွေ အချိန်တိုအတွင်း ပျံတက်နိုင်ဖို့ အသင့်ပြင်ဆင်ထားရတယ်လို့လည်း သူက ထပ်ပြောပါတယ်။

ဌာနတာဝန်ခံအရာရှိ အဲရစ် ဂါလီယာနိုက လေယာဉ်တွေ ဘေးကင်းကင်း ပျံတက်၊ ပြန်ဆင်းနိုင်ဖို့ မတူတဲ့အဖွဲ့တွေအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

USS ဂျော့ချ် ဝါရှင်တန် လေယာဉ်တင်သင်္ဘောဟာ လူဦးရေ ၆,၀၀၀ ကျော်ကို တင်ဆောင်နိုင်စွမ်းရှိတဲ့ နိမစ်ဇ် အမျိုးအစား နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတစင်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013