
အမေရိကန်လေယာဉ်တင်သင်္ဘော USS သီအိုဒိုရ်ရုစ္စဗဲ့တ်ဟာ နိုဝင်ဘာ ၇ ရက်မှာ စင်ကာပူနိုင်ငံ၊ ချန်ဂီရေတပ်စခန်းမှာ ဆိုက်ကပ်ထားတာကို ဂြိုဟ်တုဓာတ်ပုံတွေက အတည်ပြုဖော်ပြပါတယ်။
နစ်မစ်ဇ်အတန်းအစား နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဟာ မကြာမီ အရှေ့အလယ်ပိုင်းဒေသဆီ ဆက်ထွက်ခွာ သွားမှာဖြစ်ပြီး၊ အဲဒီနေရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ USS ဂျော့ချ်ဝါရှင်တန် လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စု နေရာမှာ အစားထိုး တာဝန်ယူသွားမှာပါ။
တိုက်ခိုက်ရေး လေယာဉ်တင် သင်္ဘော အုပ်စု ၉ အဖြစ် တာဝန်ထမ်းဆောင်မဲ့ ဒီအုပ်စုထဲမှာ လေယာဉ်တင် သင်္ဘောနဲ့အတူ လေယာဉ်တင် သင်္ဘောအခြေစိုက် လေတပ်အဖွဲ့ 11၊ USS ခိုဇင် ခရူဇာသင်္ဘော၊ USS ပေါလ်ဟာမီလ်တန်နဲ့ USS ဒီကေတာ ဖျက်သင်္ဘောတွေလည်း ပါပါတယ်။
ဒီသင်္ဘောဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရှိနှင့်ပြီးသားဖြစ်တဲ့ USS ဂျော့ချ်ဝါရှင်တန်နဲ့ USS ဂျော့ချ် H.W. ဘုရှ်တို့နဲ့ ပူးပေါင်းသွားမယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။
ဒီသင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ကတည်းက အဲဒီဒေသမှာ ရှိနေခဲ့ပြီး၊ စစ်ဆင်ရေးတွေကို အားဖြည့်ကူညီပေးနေပါတယ်။
Source: Reuters











