DVB Logo
Home
မြန်မာသတင်း
ကော်သူးလေ အတိုင်ပင်ခံကောင်စီနှင့် အုပ်ချုပ်ရေးကောင်စီ KNU ဖွဲ့စည်း
အောင်ခန့်
·
April 10, 2026
Photo: KNU
Photo: KNU
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ကော်သူးလေ အတိုင်ပင်ခံကောင်စီ (KCC) နဲ့ ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ (KGC) တို့ကို ဖွဲ့စည်းလိုက်ပြီလို့ ဒီကနေ့ ဧပြီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက်ကနေ ဧပြီ ၂ ရက်အထိ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ၂ နှစ်ကျော် အချိန်ယူရေးဆွဲခဲ့တဲ့ “တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်” ကို အတည်ပြုပြီးနောက် အခုလို ဖွဲ့စည်းလိုက်တာပါ။

KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “အုပ်ချုပ်ရေးကောင်စီဆိုတာ လက်တွေ့ အုပ်ချုပ်တာ။ အတိုင်ပင်ခံကောင်စီဆိုတာကတော့ လိုအပ်တာတွေကို ပြန်လည်ပြီးမှ တိုင်ပင်ဆွေးနွေးဖို့ပေါ့။  ဒါပေမဲ့ ၂ ပိုင်းထားတယ်။ လက်တွေ့ အုပ်ချုပ်ရေး ကောင်စီက အုပ်ချုပ်ရေးလုပ်ငန်းကို လုပ်ပေါ့။ အဲမှာနည်းနည်းပါးပါး လိုအပ်တာတို့  အတိုင်ပင်ကောင်စီက အကြံပေးပေါ့။ အဲလိုမျိုးသွားတာပါ။ လုပ်တတ်ရင်ရတယ်။ ဒါက အဆင့်မြင့်တယ်။ ဘယ်လေက်ထိလုပ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိမလဲ။ အထူးသဖြင့် အောက်ခြေ နယ်တွေအထိပေါ့”လို့ ပြောပါတယ်။

ကော်သူးလေပဋိညာဉ်က ပြဋ္ဌာန်းထားတဲ့အတိုင်း မိမိတို့ရဲ့ လူမျိုး၊ ဒေသ၊ အဖွဲ့အစည်းအတွက် လက်တွေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့  လိုတယ်လို့ ကရင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ကရင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတယောက်က “ကော်သူးလေပဋိညာဉ်က ပြဋ္ဌာန်းထားတဲ့အတိုင်း ဖွဲ့စည်းပြီးသွားပြီဆိုရင် လက်တွေ့ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ကို နောက်ကနေ Action Plan တွေ ဆက်လက်ပြီးတော့ ဆက်တိုက်ဆက်တိုက် လုပ်သွားဖို့လိုတယ်။ ပြောချင်တာက အချိန်မြှင့်ပြီး လုပ်ဖို့လိုအပ်တယ်လို့ ပြောချင်တယ်။  KNU ရဲ့ ဖက်ဒရယ်ပဋိညာဉ် ကောင်စီ အဖွဲ့ကလည်း မိမိတို့ရဲ့ လူမျိုး၊ မိမိတို့ရဲ့ ဒေသ၊ မိမိတို့ရဲ့ အဖွဲ့အစည်းက လုပ်ဆောင်နေတဲ့ ဟာတွေကိုလည်း အချိန်အဟုန်မြှင့်ပြီး  နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးလမ်းကြောင်းကနေ အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်ဖို့လိုတယ်”လို့ ပြောပါတယ်။

KCC ရဲ့ တာဝန်ကတော့ ကော်သူးလေ ဖက်ဒရယ်ယူနစ် တည်ဆောက်ရေးမှာ အကြံပြုချက်တွေနဲ့ နည်းပညာတွေ ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။

KGC ကတော့ လက်ရှိ KNU ရဲ့ အုပ်ချုပ်ရေးဌာန ၁၂ ခုထဲက ၇ ခုကို အစပြုပြီး ပိုကောင်းတဲ့ အုပ်ချုပ်ရေးစံနှုန်းတွေနဲ့ လုပ်ဆောင်သွားမှာပါ။ ဒါ့အပြင် KGC ရဲ့ ၈ ခုမြောက် ဌာနအဖြစ် အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဌာနကိုလည်း အသစ်ထပ်တိုး ဖွဲ့စည်းထားပါတယ်။

ဒီပဋိညာဉ်ဟာ “အောက်ခြေကနေ အထက်ဆီကို” ဖက်ဒရယ်ထူထောင်ရင်း စစ်အုပ်စုကို ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်ဖို့နဲ့ အသွင်ကူးပြောင်းရေးကာလအတွက် အရေးကြီးတဲ့ခြေလှမ်း ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ပြည်သူတွေ လေ့လာနိုင်ဖို့ ဒီပဋိညာဉ်ကို မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013