DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာထက်မနည်း ရေကြီးနေ
DVB
·
July 13, 2026
ဂွမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာထက်မနည်း ရေကြီးနေ
1 / 12
Photo: Ko Gyi Kyaw Gwa
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ကျေးရွာ ၁၁ ရွာထက်မနည်းမှာ ဇူလိုင် ၁၂ ရက်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရေကြီး ရေလျှံနေပြီး ကျေးရွာသားတွေ အကူအညီ လိုအပ်နေကြတယ်လို့ ဂွဒေသခံတွေက ပြောပါတယ်။

ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ပေါက်တူကျေးရွာအုပ်စု ရွာတွေ၊ ရဟိုင်ဖျာကျေးရွာ၊ ရွာသစ်ကုန်း စတဲ့ ကျေးရွာ ၁၁ ရွာထက်မနည်းဟာ ရေကြီးရေလျှံနေပြီး လက်ရှိအချိန်အထိ ရေမကျသေးသလို လူမှုကူညီရေး အဖွဲ့အစည်းတွေကလည်း ငွေမရှိတာကြောင့် ကူညီမှုတွေ မလုပ်ရသေးဘူးလို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“လက်ရှိ အခြေအနေကတော့ ရေမကျသေးဘူး။ ကူညီရေးကိစ္စတွေကလည်း ဘာမှ မလုပ်နိုင်သေးဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေမှာ အလှူငွေမရှိတော့ ဘာမှမလုပ်နိုင်ဘူး။ အစိုးရဘက်ကလည်း သတင်းယူအဆင့်လောက်ပဲ ရှိသေးတယ်။ ရေမမြုပ်တဲ့ အနီးအနား ကျေးရွာတွေကတော့ ထမင်းထုပ်တွေ ဘာတွေ ပို့ပေးနေကြတာတော့ ရှိတယ်။”

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၈ ခုထက်မနည်းမှာ ဇူလိုင် ၇ ရက်ကတည်းက ရေကြီး ရေလျှံ ဖြစ်ပွားခဲ့ပြီး ဇွန် ၁၂ ရက် မနက်ပိုင်းက ပြန်လည်ကျဆင်းသွားပေမဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းက မြို့နယ်တွေမှာ ပြန်လည် ရေကြီးရေလျှံလာတာလည်း ဖြစ်ပါတယ်။

ဇွန် ၁၂ ရက်က ဂွ၊ သံတွဲ စတဲ့မြို့နယ်တွေမှာ ရေကြီး ရေလျှံခဲ့ပြီး သံတွဲမြို့နယ်မှာ ရေပြန်လည်လျော့ကျသွားပေမဲ့ ဂွမြို့နယ်မှာတော့ ရေဆက်လက်ကြီးနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇူလိုင်လ အစောပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အရပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့သလို ဒေသခံ ၁ သိန်းကျော် ရေဘေးဒဏ်သင့်ခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု သတိပေးစနစ် (GloFAS) ကတော့ ရခိုင်ပြည်နယ်မှာ နှစ်ပေါင်း ၂၀ အတွင်း အကြီးမားဆုံး ရေကြီးမှုဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013