
ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ပရိသတ်မပြည့်တဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ဖီဖာက ထူးဆန်းတဲ့ အကြောင်းပြချက်တခု ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ချက်ဇ်ပွဲစဉ်မှာ ကွင်းထဲမှာ နေရာလွတ်တွေ အများကြီး ရှိနေတာကို ရုပ်သံကနေ မြင်တွေ့ခဲ့ရတာပါ။
ဒီလို ပရိသတ်နည်းပါးပေမဲ့ ဖီဖာကတော့ တရားဝင်ပရိသတ် ၄၄,၉၈၅ ယောက် လာရောက်ခဲ့တယ်လို့ ကြေညာခဲ့ပြီး ဒီပမာဏဟာ ကွင်းရဲ့ လူအပြည့် ဝင်ဆံ့မှုထက် ၆၇၉ ယောက်ပဲ လျော့နည်းတာ ဖြစ်ပါတယ်။
ပရိသတ်မပြည့်တာဟာ လက်မှတ်ဝယ်ထားတဲ့ ပရိသတ်တွေဟာ သူတို့နေရာမှာ မထိုင်ဘဲ ကွင်းပတ်လမ်းတွေမှာ ရပ်ကြည့်နေတာကြောင့်လို ဖီဖာက ပြောပါတယ်။
လက်မှတ်ဈေးနှုန်းတွေ အင်မတန်ကြီးမြင့်နေတာကြောင့် ပရိသတ်တွေ ဝေဖန်နေကြပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ လက်မှတ်ဈေးနှုန်းဟာ ဒေါ်လာ ၅၀၀ အောက်ပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီလို ဈေးနှုန်းမြင့်မားမှုကြောင့် ပရိသတ်နည်းပြီး ဖီဖာအနေနဲ့လည်း လူထုဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ၊ ဝေဖန်မှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။










