DVB Logo
Home
မြန်မာသတင်း
Sky Villa ကွန်ဒို မြေကွက်နှင့် ပိုင်ဆိုင်ခွင့်များကို လေလံတင်ရောင်းချမည်
DVB
·
October 27, 2026
Sky Villa ကွန်ဒို မြေကွက်နှင့် ပိုင်ဆိုင်ခွင့်များကို လေလံတင်ရောင်းချမည်
Donate to DVB

 

စစ်ကိုင်းငလျင်ကြီးမှာ လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုရဲ့ မြေကွက်နဲ့ ပိုင်ဆိုင်ခွင့်တွေကို လေလံတင် ရောင်းချသွားမယ်လို့ အောက်တိုဘာ ၂၇ ရက်ထုတ် စစ်အာဏာရှင် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။

Sky Villa ကွန်ဒိုရဲ့ ဂရန်မြေကွက်တွေနဲ့ ပိုင်ဆိုင်ခွင့်တွေကို လေလံကြမ်းခင်းဈေး သတ်မှတ်ပြီး လာမဲ့ နိုဝင်ဘာလမှာ လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခန်းပိုင်ရှင်တယောက်က “လေလံတင်ပြီး ရောင်းချမယ်ဆိုပြီးတော့ ပိုင်ရှင်ဘက်က ပြောလာတယ်။ ဒီတိုင်းပဲထားမဲ့ အတူတူတော့ ရောင်းမယ်ဆိုပြီး သဘောတူလိုက်တယ်။ ဒါပေမဲ့ ဝယ်တဲ့သူရော ရှိပါ့မလားလို့လေ၊ အဲဒီနေရာကို။ ပြောရရင် အဲဒီကိုရောက်တိုင်း ဝမ်းနည်းမိတယ်။ စိတ်မကောင်းဖြစ်မိတယ်။ တာဝန်ရှိတဲ့သူကို ထောင်ချလိုက်တယ်ဆိုတိုင်းလည်း ဒီကိစ္စက ပြီးမသွားဘူး။ အချိန်တန်ရင် လွတ်ငြိမ်းနဲ့ပြန်လွတ်လာမှာ။ အသက်တွေက အများကြီး ဆုံးရှုံးထားရတာ” လို့  ပြောပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား ဦးပိုင်အမှတ် (၈၈၃၊ ၈၈ဎ+၈၉ဌ) နဲ့ မှတ်ပုံတင်ထားတဲ့ ဂရန်မြေကွက်တွေဖြစ်ပြီး ဦးနိုင်ထွန်းလင်း အမည်ပေါက်ပိုင်ဆိုင်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

ဦးနိုင်လင်းထွန်းက ယင်းမြေပေါ်မှာ Sky Villa ကွန်ဒိုကိုတည်ဆောက်ခဲ့တာဖြစ်ပြီး မြေအချိုးကျ ပိုင်ဆိုင်မှုနဲ့ အခန်းတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ ဦးနိုင်ထွန်းလင်း နဲ့ ဇနီး ဒေါ်သက်သက်ခိုင်၊ မြေအချိုးကျ ပိုင်ဆိုင်ခွင့်နဲ့ ဝယ်ယူထားတဲ့ ကွန်ဒိုတိုက်ခန်းပိုင်ရှင်တွေအကြား ညှိနှိုင်းသဘောတူညီချက်အရ ဂရန်မြေကွက်တွေနဲ့ ပိုင်ဆိုင်အကျိုးခံစားခွင့်အရပ်ရပ်ကို လေလံတင်ရောင်းချဖို့ စီစဉ်တာလို့ သိရပါတယ်။

မြေကွက်ရောင်းချတာနဲ့ပတ်သက်ပြီး အကျိုးသက်ဆိုင်ခွင့်ရှိသူတွေအနေနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စာချုပ်စာတမ်းမူရင်းတွေနဲ့အတူ ကြေညာသည့်ရက်ကစလို့ ၇ ရက်အတွင်း လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

သတ်မှတ်ရက်ကျော်လွန်ရင်တော့ အရောင်းအဝယ်ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ Sky Villa ကွန်ဒိုဟာ ပြိုကျပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး လူပေါင်းရာချီ သေဆုံးခဲ့ပါတယ်။

လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ Sky Villa ကွန်ဒိုပိုင်ရှင်ကို အောင်မြေသာစံမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013