
စစ်ကိုင်းတိုင်းမှာ ဧပြီ ၂၁ ရက် မနက် ၇ နာရီလောက်က တမူးမြေငလျင်စခန်းရဲ့ မြောက်ဘက် ၃၆ မိုင်လောက်အကွာ မြန်မာ-အိန္ဒိယနယ်စပ်မှာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၁ ရှိတဲ့ မြေငလျင်တခု လှုပ်ရှားခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် ၆ နာရီ မိနစ် ၄၀ လောက်ကလည်း မော်လိုက်မြို့ရဲ့ အရှေ့တောင်ဘက် ၂၈ မိုင် လောက်အကွာမှာ အနက် ၁၀၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၄ ဒသမ ၅ မဂ္ဂနီကျု အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ရှားတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနကလည်း အဲဒီငလျင်တွေကို ထုတ်ပြန်သတိပေးထားပါတယ်။
ဧပြီ ၂၀ ရက် မနက် ၁၁ နာရီကျော်က စစ်ကိုင်းတိုင်း၊ ကနီမြို့နားမှာ မြေအောက်အနက် ၉၀ ကီလိုမီတာ လောက်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့် ငလျင်တခု လှုပ်ရှားခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။











