
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ မြောက်ကိုရီးယားနိုင်ငံကို လာရောက်ဖို့ ရှိနေတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာ KCNA က မတ် ၂၄ ရက်မှာ ပြောပါတယ်။
အာဏာရှင် သမ္မတ လူကာရှန်ကိုဟာ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံ ပေကျင်းမှာ ကျင်းပခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်ကို အောင်နိုင်ခဲ့တဲ့ အနှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။
လာမဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တခြားအသေးစိတ်အချက်အလက်တွေကိုတော့ KCNA က ဖော်ပြထားခြင်းမရှိပါဘူး။
Source: Reuters











