DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း ကာကွယ်ရေးကို စွန့်ဦးတီထွင် နည်းပညာကုမ္ပဏီသစ်များ အားဖြည့်ပေးနေ
DVB
·
June 3, 2026
Photo: REUTERS/Thomas Peter
Photo: REUTERS/Thomas Peter
Donate to DVB

အိုဒက်ဆာ ဆိပ်ကမ်းမြို့ကို ရုရှားဒရုန်းတွေ ခိုးဝင်တိုက်ခိုက်နေတာကို တားဆီးဖို့ အမေရိကန် ရေငုပ်သင်္ဘော တပ်မှူးဟောင်း ချားလ်စ်မား ဦးဆောင်ပြီး ယူကရိန်းကမ်းရိုးတန်းအလွန်မှာ ကာကွယ်ရေးတံတိုင်းတခု ဖြစ်လာမယ့် အလိုအလျောက်မောင်းနှင်တဲ့ ရေယာဉ်အုပ်စုတွေကို ထိန်းချုပ်မဲ့စနစ်တခု တီထွင်ဖို့ ပြင်ဆင်နေပါတယ်။ 

ဒိန်းမတ်နိုင်ငံမှ Blue Shadow ကုမ္ပဏီက တီထွင်လိုက်တဲ့ ဒီစနစ်ဟာ ကမ်းခြေကနေ ၁၂ ကီလိုမီတာ အကွာမှာ ဒုံးကျည်တပ် ရေယာဉ်စုတွေနဲ့ ကင်းလှည့်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ ရည်မှန်းထားတာပါ။ 

ဒါဟာ ယူကရိန်းကို ကူညီဖို့ ပေါ်ပေါက်လာတဲ့ နည်းပညာအခြေခံ စွန့်ဦးတီထွင်တဲ့  Startup ကုမ္ပဏီသစ်တွေရဲ့ ဂေဟစနစ် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလို Startup လေးတွေကို အရှိန်မြှင့်တင်ပေးနေတာကတော့ Defence Builder ဆိုတဲ့ အဖွဲ့အစည်း ဖြစ်ပြီး သူတို့ကတဆင့် နည်းပညာရှင်တွေကို ရန်ပုံငွေနဲ့ စစ်ဘက်ဆိုင်ရာ အဆက်အသွယ်တွေ ပံ့ပိုးပေးနေပါတယ်။ 

အခုဆိုရင် ယူကရိန်းကာကွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ တစ်နှစ်အတွင်း ဒေါ်လာ ၁၀၅ သန်းအထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

စစ်မြေပြင်ရဲ့ အန္တရာယ်အရှိဆုံး “သတ်ကွင်း” (Kill Zone) တွေမှာ စစ်သားတွေ အသက်အန္တရာယ် မစိုးရိမ်ရအောင် အက်စတိုးနီးယား Startup တခုဖြစ်တဲ့ Telearmy လို နည်းပညာကုမ္ပဏီသစ် Startup တွေက ကားဟောင်းတွေကိုပါ အဝေးထိန်းစနစ်နဲ့ မောင်းနှင်နိုင်အောင် ပြုပြင်ပေးနေသလို၊ Wingtech ကလည်း ကီလိုမီတာ ၃၀၀ အထိ ပျံသန်းနိုင်ပြီး လျှပ်စစ်လှိုင်းနှောင့်ယှက်မှုကို ခံနိုင်ရည်ရှိတဲ့ ‘Haba’ ဗုံးကြဲဒရုန်းတွေကို ထုတ်လုပ်နေပါတယ်။ 

တယ်လီအာမီဟာ စစ်မြေပြင်က ဘယ်ယာဉ်ကိုမဆို နီးပါး အသွင်ပြောင်းပေးနိုင်တယ်လို့ ဆိုပါတယ်။ 

မကြာသေးခင်လတွေအတွင်းမှာ ယူကရိန်းစစ်တပ်ဟာ ရုရှားရဲ့ ထောက်ပံ့ရေးအခြေစိုက်စခန်းတွေ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ ရှေ့တန်းကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ လမ်းကြောင်းတွေကို ပစ်မှတ်ထားဖို့ “mid strike” ဒရုန်းတွေကို အသုံးပြုခဲ့ပါတယ်။ 

အဲဒီလိုဒရုန်းတွေ ပြတ်လပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ စတားအပ်တစ်ခုဖြစ်တဲ့ ‘ဝင်းတက်ခ်’ (Wingtech) ဟာ ပြန်လည်အသုံးပြုနိုင်တဲ့ ပုံသေတောင်ပံတပ် ဗုံးကြဲဒရုန်း 'ဟာဘာ' (Haba) ကို တီထွင်ခဲ့ပါတယ်။ 

ဒီဒရုန်းဟာ မစ်ရှင်တခုမှာ ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) အထိ ပျံသန်းနိုင်ပြီး လျှပ်စစ်လှိုင်း နှောင့်ယှက်မှု (Jamming) တွေကိုလည်း ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။ 

ထူးခြားတာကတော့ ယူကရိန်းစစ်တပ်ဟာ အခုဆိုရင် DOT-Chain လိုမျိုး “လက်နက်တွေအတွက် Amazon” အွန်လိုင်းစျေးကွက်ကနေ လက်နက်ပေါင်း ၈၀၀ ကျော်ကို တိုက်ရိုက်မှာယူပြီး အရည်အသွေးကို Review ပေးတဲ့အထိ နည်းပညာကို အသုံးပြုပြီး စစ်ပွဲကို ဆင်နွှဲနေတာပဲ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013