
တရုတ်နိုင်ငံက နဂါးလှေပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းပြည်နယ်၊ အန်ဂျူးရှေးဟောင်းမြို့က ဆိုင်တဆိုင်ရှေ့မှာ ချစ်စရာကောင်းတဲ့ အသေးစား ကောက်ညှင်းဖက်ထုပ် ကျုံးကျီတွေကို တန်းစီပြသထားပြီး ခရီးသွားတွေကို ဆွဲဆောင်ခဲ့ပါတယ်။
ကျုံးကျီ မုန့်ဖက်ထုပ်တွေဟာ ဒေသတွင်းမှာ ရေပန်းစားတဲ့ အသေးစားလေးတွေဖြစ်ပြီး တခုချင်းစီမှာ ကောက်ညှင်းဆန်တစေ့သာ ပါတာပါ။
ဂရုတစိုက် လက်နဲ့ခေါက်ပြီး မုန့်ဖက်ထုပ်ပုံစံ လုပ်ထားပါတယ်။ ရောင်စုံပိုးချည်မျှင်တွေနဲ့ ချည်နှောင်ထားတဲ့ မုန့်ဖက်ထုပ်တွေမှာ တောက်ပတဲ့အရောင်တွေပါပြီး ကံကောင်းခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။
ရိုးရာနဂါးလှေပွဲတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုအတွက် ဆုတောင်းတွေကို ပုံဖော်ထားတယ်လို့ ဆိုပါတယ်။
အန်ဂျူးရှေးဟောင်းမြို့က ရိုးရာလက်မှုပညာ နည်းစနစ်တွေကို သုံးထားပြီး ကလေးတွေကို နဂါးလှေပွဲတော် ဓလေ့ထုံးတမ်းတွေကို မိတ်ဆက်ပေးဖို့ ပြုပြင်မွမ်းမံခဲ့တာပါ။
ချက်ပြုတ်စားသုံးဖို့ အလွန်သင့်လျော်ပေမဲ့ ခုအခါမှာ ပွဲတော်အလှဆင်ပစ္စည်းနဲ့ နဂါးလှေပွဲတော်အတွက် ထူးခြားတဲ့ အမှတ်တရပစ္စည်းတခုအဖြစ်လည်း သုံးနိုင်ပါတယ်။
Source: Reuters










