
ယူကရိန်းနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဥရောပသမဂ္ဂ (EU) ကာကွယ်ရေးဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေက ဘရပ်ဆဲလ်မြို့မှာ စက်တင်ဘာ ၂၈ ရက်က စုဝေး တွေ့ဆုံခဲ့ကြပါတယ်။
ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာကားလက်စ် ဦးဆောင်ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ဥရောပကာကွယ်ရေးဆိုင်ရာ အဓိကတာဝန်ရှိသူတွေ ပါဝင်တက်ရောက်ခဲ့ကြပြီး၊ ရုရှနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံကို EU ဘက်က ဆက်ပေးမဲ့ စစ်ရေးအကူအညီတွေအတွက် ညှိနှိုင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို ရောက်လာချိန်မှာ ကားလက်စ်က EUရဲ့ ဒီမိုကရေစီစနစ်အပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်ဖို့ EU အနေနဲ့ သတိဝီရိယ ပိုရှိဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။
Source:Reuters










