
ယူကရိန်းအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တပိုင်းတန်းလန်းဖြစ်နေချိန်မှာ ရုရှားရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ဖို့ ရုန်းကန်နေရင်း ယူကရိန်း အရှေ့ပိုင်းက ခံတပ်တွေကို ကာကွယ်ရေးကြီးကြပ်ဖို့ ယူကရိန်းရဲ့ အထင်ရှားဆုံး တပ်မှူး ၂ ယောက်ကို ခန့်အပ်ခဲ့ပါတယ်။
ရုရှားတပ်တွေက ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်ဒေသထဲက စက်မှုထွန်းကားတဲ့မြို့တွေရဲ့ ခံတပ်ခါးပတ် လမ်းကြောင်းဆီ ဦးတည်နေတာပါ။
ယူကရိန်းက စစ်ပွဲမပြီးဆုံးမီ လက်လျှော့အရှုံးပေးဖို့ ရုရှားသမ္မတနန်းတော်က တောင်းဆိုထားပါတယ်။
အမှတ် ၃ ကြည်းတပ်ရဲ့ တပ်ဖွဲ့ ခေါင်းဆောင် အန်ဒရီဘီလက်စကီနဲ့ အမှတ် ၁ နိုင်ငံစောင့်တပ်မရဲ့ တပ်မှူး ဒင်းနစ်စ်ပရိုကိုပန်ကိုတို့ဟာ ဒန်ညက်စ်ဒေသ အနီးတဝိုက်က ကာကွယ်ရေးတပ်တွေကို အားကောင်းစေဖို့ ရည်ရွယ်တဲ့ အဖွဲ့အသစ်တွေကို ဦးဆောင်မယ်လို့ ယူကရိန်း ထိပ်တန်းဗိုလ်ချုပ်ကြီးအသစ်နဲ့အတူ ရှေ့တန်းကို သွားချိန်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်သွယ်နေပြီး ငြိမ်းချမ်းရေးနဲ့ ပိုနီးကပ်စေမဲ့ နည်းလမ်းတွေကို ဆွေးနွေးနေတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
Source: Reuters











