DVB Logo
Home
နိုင်ငံတကာ
ထိုင်းလေကြောင်းလိုင်းက လောင်စာဆီအပိုကြေး ၂ ဆနီးပါး တိုးမြှင့်ကောက်ခံမည်
DVB
·
April 29, 2026
Photo: Thai Airways
Photo: Thai Airways
Donate to DVB

ထိုင်းလေကြောင်းလိုင်းတခုဖြစ်တဲ့ Thai Airways International က အခုသီတင်းပတ်ထဲမှာ စတင် ပြီးတော့ လောင်စာဆီအပိုကြေးကို ၂ ဆနီးပါး တိုးမြှင့်ကောက်ခံသွားမယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ လကစပြီး အာရှဒေသတွင်း လေယာဉ်ဆီဈေးဟာ တစည်ကို အမေရိကန်ဒေါ်လာ ၈၀ ကနေ ၂၄၀ အထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ အပတ်ကတော့ ဈေးနှုန်းဟာ ဒေါ်လာ ၁၈၀ ဝန်းကျင်မှာ ရှိနေခဲ့တာပါ။

လေ့လာသုံးသပ်သူတွေရဲ့အဆိုအရ ခုသီတင်းပတ်တွေအတွင်းမှာတင် လေကြောင်းလိုင်းတွေရဲ့ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်မှာ လောင်စာဆီကုန်ကျစရိတ် ၂၅ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်း အထိ ခုန်တက်သွားခဲ့တယ်လို့  ဆိုပါတယ်။

လောင်စာဆီအပိုကြေးဆိုတာကတော့ ကမ္ဘာ့ရေနံဈေးနှုန်း အတက်အကျအပေါ် မူတည်ပြီး လေကြောင်းလိုင်းက လောင်စာဆီစရိတ်ကို ကာမိအောင် ထပ်ပေါင်း ကောက်ခံတဲ့ အခကြေးငွေ ဖြစ်ပါတယ်။

အခုလတ်တလော Thai Airways ကနေ လောင်စာဆီ အပိုကြေးတွေ တိုးမြှင့် ကောက်ခံမဲ့ ခရီးစဉ် တွေထဲမှာတော့ ဘန်ကောက်-ရန်ကုန် ခရီးစဉ်အပါအဝင် ဘေကျင်း၊ ဒေလီ၊ ဆိုးလ်၊ နာရီတာ၊ ဆစ်ဒနီ၊ မီလန်၊  လန်ဒန် စတဲ့ ကမ္ဘာ့မြို့ကြီးတွေအထိ ပြေးဆွဲတဲ့ ခရီးစဉ်တွေ ပါဝင်နေတာပါ။

ဒီဈေးနှုန်းတွေအရ လောင်စာဆီအပိုကြေးဟာ ဘန်ကောက်-ရန်ကုန် Economy ရိုးရိုးတန်း လက်မှတ် အတွက် ဘတ် ၁,၇၈၀ ကနေ ၃,၃၉၀ အထိ မြင့်တက်လာမှာဖြစ်သလို Business လက်မှတ်အတွက် ဘတ် ၂,၅၈၀ ကနေ ၄,၉၃၀ အထိ တိုးမြှင့်ကောက်ခံသွားဖို့ ရှိနေတာပါ။

အလားတူ ဘန်ကောက်-လန်ဒန် Economy လက်မှတ်အတွက်ဆိုရင်တော့ ဘတ် ၉,၉၉၀ ကနေ ၁၉,၀၇၀ အထိ မြင့်တက်လာမှာဖြစ်သလို Business လက်မှတ်အတွက် ဘတ် ၁၈,၆၈၀ ကနေ ၃၅,၇၅၀ အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ ဈေးနှုန်းတွေ အသီးသီးကို လေကြောင်းလိုင်းကနေ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013