DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်တွင် ကျားဖြန့်များ ဆက်တိုက်ဖမ်းခံနေရပြီး ၅ ရက်အတွင်း တရုတ် ၈၆ ဦး ဖမ်းမိ
DVB
·
May 10, 2026
Photo : MOI
Photo : MOI
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျားဖြန့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေကနေ ၅ ရက်အတွင်း တရုတ်နိုင်ငံသား ၈၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးရမိထားတယ်လို့ စစ်အာဏာရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မေ ၈ ရက် မနက်ပိုင်းမှာ လဲချားမြို့နယ်၊ ဆီးဆောကျေးရွာ အရှေ့တောင်ဘက်အနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၃ ယောက်နဲ့ မြန်မာအမျိုးသမီး ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာကနေ လူနေတဲ ၂ လုံး၊ လုပ်ငန်းသုံးတဲ ၁ လုံး၊ မီးဖိုဆောင် ၁ လုံး၊ All In One ကွန်ပျူတာ ၂ လုံး၊ မီးစက် ၁ လုံး၊ ပါဝါစတေရှင် ၂ လုံးနဲ့ ဖျက်ဆီးထားတဲ့ ဖုန်းအလုံး ၉၀ ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဆီးဆောကျေးရွာ အရှေ့တောင်ဘက် မီတာ ၆,၀၀၀ လောက်အကွာမှာ တရုတ်နိုင်ငံသား ၁၂ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး၊ မိုင်းပန်မြို့နယ်၊ ကျိုင်းတောင်းမြို့တောင်ဘက် မီတာ ၁၂,၀၀၀ လောက်အကွာ မိုင်းပန်-ကျိုင်းတောင်း ကားလမ်းအနီးမှာလည်း တရုတ်နိုင်ငံသား ၆ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခု ၃၆ ယောက် ဖမ်းဆီးမှုမတိုင်ခင်ကလည်း ရှမ်းတောင်ဒေသအတွင်း ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသား ၅၀ ကျော်ကို သီးခြားဖမ်းဆီးရမိထားပြီးဖြစ်လို့ မေ ၄ ရက်ကနေ မေ ၉ ရက်အထိ စုစုပေါင်း တရုတ်နိုင်ငံသား ၈၆ ယောက် မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “၅ ရက်အတွင်း ဖမ်းဆီးရမိမှုတွေ ဆက်တိုက်ရှိလာတာက ရှမ်းတောင်ဒေသအတွင်း ကျားဖြန့်ကွန်ရက်တွေ ကျယ်ပြန့်နေသေးတယ် ဆိုတာကို ထင်ဟပ်စေပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို လက်ရှိမှာ စစ်ဆေးနေပြီး တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ စစ်အာဏာရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013