DVB Logo
Home
Lead Story
အရှိန်အဟုန်ဖြင့် မြင့်တက်လာသော မြန်မာ့စားနပ်ရိက္ခာ အကျပ်အတည်း (Infographic) 
DVB
·
May 18, 2026
Graphic: DVB
Graphic: DVB
Donate to DVB

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအကျပ်အတည်းမှာ တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာနေကြောင်း ၂၀၂၆ ခုနှစ် မေ ၂ ရက်ထုတ် Hunger Hotspots Report မှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ ၁၆ ဒသမ ၇ သန်းမှာ ပြင်းထန်တဲ့ စားနပ်ရိက္ခာ အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။

ဒါဟာ နိုင်ငံ့လူဦးရေအရကြည့်ရင် လူ ၃ ယောက်မှာ တယောက်နှုန်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၄ ခုနှစ်မှာ ၁၃ ဒသမ ၃ သန်း ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာတာဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အစာရေစာပြတ်လပ်မှု အဆိုးရွားဆုံးနိုင်ငံများအနက် အဆင့် ၅ နေရာကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

အကျပ်အတည်းရဲ့ အဆိုးရွားဆုံးသက်ရောက်မှုမှာ ကလေးငယ်တွေနဲ့ မိခင်တွေအပေါ် ကျရောက်နေပြီး ကလေးနဲ့ မိခင် ၄ သိန်းကျော်မှာ အာဟာရဓာတ်နည်းပါးတဲ့ ဆန်ဖြူသက်သက် ဒါမှမဟုတ် ဆန်ပြုတ်ပါးပါးနဲ့သာ အသက်ဆက်ရှင်သန်နိုင်ဖို့ စားသောက်နေရတယ်လို့ ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ အသက် ၅ နှစ်အောက် ကလေးသေဆုံးမှုနှုန်းလည်း မြင့်တက်လာခဲ့ပြီး လက်ရှိမှာ အသက်ရှင်မွေးဖွားသူ အယောက် ၁,၀၀၀ မှာ ၃၉ ယောက် သေဆုံးနေကာ ဒေသတွင်းနိုင်ငံတွေရဲ့ ပျမ်းမျှနှုန်းထက် ၃ ဆနီးပါး မြင့်မားနေတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း အခြေခံစားသောက်ကုန်‌ဈေးနှုန်းမှာလည်း အာဏာမသိမ်းမီကထက် ၄ ဆနီးပါး မြင့်တက်လာနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်ကတည်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့ခံထားရမှုကြောင့် လူပေါင်း ၂ သန်းလောက် အစာငတ်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ထုတ်ပြန်ထားပါတယ်။

စစ်ရေးပဋိပက္ခ ပြင်းထန်လာတာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိတ်ဆို့ခံရတာ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ထိခိုက်ပျက်စီးတာနဲ့ သဘာဝဘေးအန္တရာယ်တွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအကျပ်အတည်းမှာ ပိုမို ဆိုးရွားလာနိုင်ကြောင်း သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။

အထူးသဖြင့် ကလေးငယ်တွေ၊ မိခင်တွေနဲ့ ပဋိပက္ခဒေသရှိ ပြည်သူလူထုအတွက် အရေးပေါ်အကူအညီနဲ့ ရေရှည်ထောက်ပံ့မှုတွေ မရရှိပါက အစာငတ်မွတ်မှုနဲ့ အာဟာရချို့တဲ့မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်းလည်း အစီရင်ခံစာက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013