DVB Logo
Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲမှု အမေရိကန် ဆိုးဆိုးရွားရွားချိုးဖောက်ဟု အီရန် ရှုတ်ချ
DVB
·
May 27, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်က အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုအသစ်တွေ လုပ်ဆောင်ခဲ့တာဟာ အပစ်အခတ်ရပ်စဲရေးကို ဆိုးဆိုးရွားရွားချိုးဖောက်တာလို့ အီရန်က ရှုတ်ချလိုက်ပါတယ်။

မေ ၂၅ ရက်က အီရန်တောင်ပိုင်း၊ ဘန်ဒါအဘတ်စ်မြို့အနီးရှိ ဒုံးကျည်စခန်းတွေနဲ့ မိုင်းထောင်မဲ့လှေတွေကို ခုခံကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (Centcom) က ဆိုပါတယ်။

“အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ အနေနဲ့ ဘယ်လိုဆိုးရွားတဲ့ လုပ်ရပ်ကိုမဆို တိတ်တဆိတ်နေမှာ မဟုတ်ဘဲ နိုင်ငံကိုကာကွယ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး” လို့ အီရန်ဘက်က ထုတ်ပြန်ပါတယ်။

အီရန်လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ အမေရိကန်ဒရုန်းတစင်းကို ပစ်ချခဲ့ပြီး တိုက်လေယာဉ်တစင်းကိုလည်း ပစ်ခတ်ခဲ့တယ်လို့ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က ပြောပါတယ်။

အခုလို တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ဧပြီ ၈ ရက်က စခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ ဆွေးနွေးနေချိန်မှာ ပေါ်ပေါက်လာတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက သဘောတူညီချက်ရဖို့ ဖြစ်နိုင်သေးပေမဲ့ ရက်အနည်းငယ် ကြာနိုင်တယ်လို့ ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အလျင်စလိုမလုပ်ဖို့ စေ့စပ်ညှိနှိုင်းသူတွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အီရန်ကလည်း မေ ၂၅ ရက်မှာ တိုးတက်မှုတချို့ရှိပေမဲ့ သဘောတူညီချက်ရဖို့ မနီးစပ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြည်ပမှာ ပိတ်ဆို့ခံထားရတဲ့ အီရန်ရဲ့ ရန်ပုံငွေတွေ ပြန်ထုတ်ပေးဖို့ တောင်းဆိုမှု မပြေလည်သေးဘူးလို့ သိရပါတယ်။

ပါကစ္စတန်နဲ့ ကာတာတို့က ကြားဝင်စေ့စပ်ပေးနေတဲ့ ဒီဆွေးနွေးပွဲတွေမှာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ အီရန်ရဲ့ ယူရေနီယံသန့်စင်မှု အစီအစဉ်တွေက အဓိကအကြောင်းအရာတွေ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက အီရန်ကို နျူကလီးယားလက်နက်ထုတ်ဖို့ ယူရေနီယံ သန့်စင်နေတယ်လို့ စွပ်စွဲထားပေမဲ့ အီရန်ကတော့ ငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက်သာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013