
ကွင်းလယ်လူ ရိုဒရီအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ချင်တယ်ဆိုရင် မန်စီးတီး အသင်းက တားဆီးသွားမှာ မဟုတ်ဘူးလို့ နည်းပြ ပက်ဂွါဒီယိုလာက ပြောပါတယ်။
ရိုဒရီက စပိန်ကို ပြန်ချင်သလို ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ မဖြစ်နိုင်ဘူးလို့ မကြာသေးခင်က ပြောဆိုခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက "ရီးရဲလ်မှာ ကစားခွင့်ရတာကို ဘယ်ကစားသမားမှ ငြင်းမယ် မထင်ပါဘူး။ သူက စပိန်သားဖြစ်လို့ ပိုနားလည်ပေးနိုင်ပါတယ်။ သူ့ကိုတော့ အသင်းမှာ အကြာကြီး ဆက်နေစေချင်ပါတယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။
ကစားသမားတယောက်ဟာ အသင်းမှာ မပျော်ရွှင်ဘူးဆိုရင် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရတာနဲ့ ထွက်ခွာ ခွင့်ပြုမယ်ဆိုတဲ့ အသင်းရဲ့မူဝါဒအတိုင်းပဲ ရိုဒရီကိုလည်း ဆက်ဆံသွားမယ်လို့ သူက ဆက်ပြောပါတယ်။
Photo:Reuters










