
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စီမံခန့်ခွဲမှုကို နာဇီဝါဒဖြန့်ချိရေးအရာရှိနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့လို့ လာလီဂါ ဥက္ကဋ္ဌတဲဘတ်စ်ကို ရာထူးကနေ ချက်ချင်းနုတ်ထွက်ပေးဖို့ ရီးရဲလ်မက်ဒရစ်အသင်းက တောင်းဆို လိုက်ပါတယ်။
တဲဘတ်စ်က ရီးရဲလ်မက်ဒရစ် ရုပ်သံလိုင်းရဲ့ လုပ်ဆောင်ချက်တွေဟာ နာဇီဝါဒဖြန့် နည်းလမ်းတွေနဲ့ ဆင်တူတယ်လို့ စွပ်စွဲခဲ့တာကြောင့် အဆင်မခြင်ပြောဆိုမှုအပေါ် လက်မခံနိုင်ဘဲ အသင်းကို စော်ကားတာဖြစ်တယ်လို့ ရီးရဲလ်က တုံ့ပြန်ထားပါတယ်။
အဆိုပါ ပြောဆိုမှုအပေါ် တဲဘတ်စ်က ပြန်လည်ရှင်းလင်းခဲ့ပေမဲ့ ရီးရဲလ်ဘက်က လက်မခံဘဲ လာလီဂါ ဥက္ကဋ္ဌ အဖြစ်ကော စပိန်ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ရာထူးမှပါ နုတ်ထွက်ပေးဖို့ တောင်းဆို ထားပါတယ်။
လာလီဂါဥက္ကဋ္ဌ တီဘတ်စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ မီဒီယာလုပ်ဆောင်ချက်တွေကို နာဇီဝါဒ ဖြန့်ချိရေးမှူး ဂိုဘယ်လ်စ်နဲ့ နှိုင်းယှဉ်ပြောဆိုခဲ့တာပါ။
ဒီမှတ်ချက်ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါဥက္ကဋ္ဌကို ရာထူးကနေ ချက်ချင်းနုတ်ထွက် ပေးဖို့ တရားဝင်တောင်းဆိုလိုက်တာပါ။
တီဘတ်စ်ကတော့ သတင်းထောက်တချို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသံလွှင့်ဌာနလိုမျိုး လုပ်ဆောင်နေကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး အသင်းဘက်ကတော့ ဒီလိုနှိုင်းယှဉ်ချက်ဟာ လက်ခံနိုင်စရာ မရှိကြောင်း တုံ့ပြန်ထားပါတယ်။
Photo:Reuters











