
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား ဗင်နီစီယက်စ် ဂျူနီယာဟာ အသင်းနဲ့ ၆ နှစ်သက်တမ်းရှိ စာချုပ်သစ်တရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီစာချုပ်သစ်ကြောင့် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ကစားသမားကို လက်လွှတ်လိုက်ရတာပါ။
ဗင်နီစီယက်စ် ဂျူနီယာကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရေရှည်ဆက်ရှိဖို့ ကတိပြုလိုက်တာ ဖြစ်ပါတယ်။
ဗင်နီစီယက်စ် ဂျူနီယာအတွက် တနှစ်ကို ပေါင် ၁၉ သန်းကျော် ရရှိမဲ့ ပိုမိုကောင်းမွန်တဲ့ စာချုပ်ပါ အချက်အလက်တွေကို ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းခဲ့တာပါ။
အရင်က စာချုပ်ဆွေးနွေးမှုတွေ ရပ်တန့်ခဲ့ပေမဲ့ အခုလို ကမ်းလှမ်းမှုက သူ့ကို အသင်းမှာ ဆက်ရှိဖို့ လုံလောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ကစားသမားတယောက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။










