DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြရန် တောင်းဆိုသည့် “Proof of Life“ လှုပ်ရှားမှု ဗန်ကူးဗားမြို့၌ ပြုလုပ် (ဓာတ်ပုံ)
ပီတာအောင်
·
April 26, 2026
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြရန် တောင်းဆိုသည့် “Proof of Life“ လှုပ်ရှားမှု ဗန်ကူးဗားမြို့၌ ပြုလုပ် (ဓာတ်ပုံ)
1 / 12
Photo:DVB
Donate to DVB

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေ သေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ “Proof of Life“ လှုပ်ရှားမှုကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၊ Beaconsfield ပန်းခြံမှာ ဒေသအချိန် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းမှာ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာ သမ္မတကြီး ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံတော်သမ္မတအဖြစ် ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုခဲ့ကြကာ၊ အာဏာသိမ်းစစ်အုပ်စုနဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုနဲ့အတူ မြန်မာနွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာ ဈေးရောင်းပွဲနဲ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အထိမ်းအမှတ် မြန်မာ့ရိုးရာအစားအစာတွေနဲ့ စတုဒိသာ ကျွေးမွေးလှူဒါန်းတာ၊ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ 

Proof of Life ကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ် ဦးဆောင်ပြီး  ပြုလုပ်နေတာမှာ ထင်ရှားတဲ့ အနုပညာရှင်တွေအပါအဝင် ပြည်တွင်းနဲ့ ပြည်ပက မြန်မာ ပြည်သူများစွာ ပါဝင်လှုပ်ရှားနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013