
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ အထူးတိုင်းစစ်ဌာနရဲ့ သုံ့ပန်းစခန်းမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၆ ယောက်ကို ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခဲ့လို့ သူတို့ သဘောဆန္ဒအလျောက် PDF အဖြစ် တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့အညီ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၆ ယောက်ဟာ NUG ကာကွယ်ရေး၀န်ကြီးဌာနက ပေးအပ်တဲ့ တာဝန်တွေကို သစ္စာရှိစွာ ထမ်းဆောင်တာ၊ တာဝန်ကျေပွန်တာ၊ တော်လှန်ရေးတိုက်ပွဲတွေမှာ ပါဝင်ပေးဝာာနဲ့ စစ်ရာဇဝတ်မှု ကင်းရှင်းတာတွေကြောင့် စစ်သုံ့ပန်းစာရင်းကနေ ပယ်ဖျက်ပေးပြီ သူတို့ရဲ့ ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် ခံယူဖို့ လျှောက်ထားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ထောက်ခံမှုနဲ့ PDF အဖြစ် သတ်မှတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၄ ဇူလိုင်လမှ ၂၀၂၆ သြဂုတ်လအထိ ၂ နှစ်ကျော်အတွင်း စစ်အာဏာရှင်တပ်မှာ သေဆုံးသူ အယောက် ၂၀,၀၀၀ ကျော်၊ ဒဏ်ရာရသူ ၁၀,၀၀၀ လောက်၊ ပြည်သူ့ရင်ခွင်ခိုလှုံသူ (အလင်းဝင်သူ) ၃,၈၇၄ ယောက်၊ စစ်အာဏာရှင်တပ်မှာ ထွက်ပြေးသူ အယောက် ၂၀,၀၀၀ ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အများစုဟာ စစ်မှုထမ်းတပ်သားသစ်တွေလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၃၆ ယောက် ရှိတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











