DVB Logo
Home
မြန်မာသတင်း
ပြင်ပရောက် ကျောင်းသားများ Placement Test ဖြေပြီး ကျောင်းပြန်တက်ရန် ဖိတ်ခေါ်
DVB
·
May 21, 2026
Photo: CJ
Photo: CJ
Donate to DVB

၂၀၂၁-၂၀၂၂ ပညာသင်နှစ်က စတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနဲ့ဝေးကွာခဲ့ရပြီး ကျောင်းပြင်ပ ရောက်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို Placement Test ဖြေဆိုကာ ကျောင်းပြန်လည်တက်ရောက်နိုင်ဖို့ စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Placement Test ကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်ကနေ ၂၀ ရက်အထိ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနတွေမှာ ကျင်းပသွားမှာဖြစ်ပြီး Grade 1 မှ Grade 8 အထိ ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် လူငယ်တယောက်က “၁၀ တန်းနဲ့ ကျောင်းနားလိုက်တာ။ ၂၀၂၁ မှာ ၁၀ တန်းဖြေမှာ။ အာဏာသိမ်းတော့ ဆက်မတက်ဖြစ်တော့ဘူး။ အခုလည်း ဆက်မတက်တော့ဘူး။ ကျနော့်လို ကျောင်းမတက်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဘယ်သူမှ ဆက်မတက်ကြဘူး။ ကြုံရာကျပန်း အလုပ်လုပ်နေကြတာ။ ပညာရေးနဲ့ပတ်သက်ပြီး မက်လုံးပေးတယ်လို့ မြင်တယ်။ ကျောင်းဆက်မတက်ဘဲ လက်နက်ကိုင်သွားတဲ့ လူငယ်တွေ အများကြီးရှိတယ်။ သူတို့ကိုပြန်ငဲ့တဲ့အနေနဲ့ ကျောင်းဆက်မတက်တော့ဘူး” လို့ ပြောပါတယ်။

စာမေးပွဲအောင်မြင်သူတွေကို Grade 2 မှ Grade 9 အထိ သက်ဆိုင်ရာအတန်းတွေ တက်ရောက်ခွင့်ပြုမှာဖြစ်ပြီး မအောင်မြင်သူတွေကိုလည်း Grade 1 မှ Grade 8 အထိ မူလအတန်းတွေမှာ ပြန်လည်တက်ရောက်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါအစီအစဉ်ဟာ မူလတန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသားတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပြီး အသက် ၇ နှစ်မှ ၁၅ နှစ်အတွင်းရှိသူတွေသာ အကျုံးဝင်မယ်လို့ စစ်အာဏာရှင် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013