DVB Logo
Home
မြန်မာသတင်း
တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
DVB
·
March 26, 2026
Photo: နေပြည်တော်စည်ပင်
Photo: နေပြည်တော်စည်ပင်
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာ စစ်မှုထမ်းကိစ္စနဲ့ နာမည်ထွက်နေတဲ့ လယ်ပြင်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မတ် ၂၅ ရက် မနက် ၉ နာရီက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့မနက် ၉ နာရီက လယ်ပြင်မကျေးရွာစု ထန်းတပင်ကျေးရွာ အဝင်လမ်းမှာ အုပ်ချုပ်ရေးမှူးကို သေနတ်ဒဏ်ရာနဲ့ မြောင်းထဲမှာ သေနေတာကို တွေ့ရှိပြီး ဒေသခံတွေက ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။

“စစ်မှုထမ်းကိစ္စနဲ့ နာမည်ထွက်နေတဲ့ အုပ်ချုပ်ရေးမှူး ဘယ်သူက ပစ်သတ်သွားလဲတော့ မသိဘူး။ မြောင်းထဲမှာ သေနေတာကို ဆီသွားထုတ်ရင်း ပြန်လာတဲ့သူတွေတွေ့လို့ အုပ်ချုပ်ရေးကို အကြောင်းကြားလိုက်တာ။”

သေဆုံးသူမှာ လယ်ပြင်မကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးအောင်ကျော် ဖြစ်ပြီး စစ်မှုထမ်းဆင့်ခေါ်တဲ့ကိစ္စနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းမှာ တိုင်ကြားခံထားရသူဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စနဲ့ ငွေတောင်းတာ၊ လူအစားထိုးတာနဲ့ ပတ်သက်ပြီး လယ်ပြင်မအုပ်စုက အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို ဇန်နဝါရီလထဲက တိုင်ထားတာ၊ သူတယောက်တည်း မဟုတ်ဘူး၊ ရွာခွဲတာဝန်ခံတွေကော။ မနေ့က ပစ်သတ်ခံရတာ အုပ်ချုပ်ရေးမှူးပါ။”

လတ်တလောမှာ လယ်ပြင်မကျေးရွာနဲ့ ထန်းတပင်ကျေးရွာတို့ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လယ်ပြင်မကျေးရွာအုပ်စု အုပ်ချူပ်ရေးမှုး ဦးအောင်ကျော် ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

၂၀၂၅ နိုဝင်ဘာ ၁၃ ရက်ကလည်း တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၃၉ က စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက်နဲ့ တပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013