
ကမ္ဘာ့ဖလားဘောလုံးပွဲ လက်မှတ်ဝယ်ထားတဲ့ ပရိသတ်တွေအတွက် ဗီဇာ အာမခံကြေး ဒေါ်လာ ၁၅,၀၀၀ ကင်းလွတ်ခွင့်ကို အမေရိကန်အစိုးရအဖွဲ့က လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။
နိုင်ငံပေါင်း ၅၀ က ကမ္ဘာ့ဖလားဘောလုံးပွဲ လာကြည့်မဲ့ ဘောလုံးပရိသတ်တွေ ဗီဇာကြေး ဒေါ်လာ ၁၅,၀၀၀ အာမခံပေးရမှာကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
ဗီဇာကြေးလိုအပ်ချက်ကို ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ဗီဇာ ရက်ကျော်တာကို လျှော့ချဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကန့်သတ်ချက်ထဲမှာ ကစားသမားတွေ နည်းပြတွေနဲ့ အသင်းအဖွဲ့ဝင်တွေ မပါဝင်ပေမဲ့ ဘောလုံးပွဲ လာကြည့်မဲ့ ပရိသတ်တွေအတွက် ၁၂ လတာ အစီအစဉ်ချမှတ်ခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ ဩဂုတ်လက စတင်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပတာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။
နိုင်ငံ ၅၀ က ဘောလုံးပရိသတ်တွေကို ဗီဇာအာမခံကြေး ရပ်ဆိုင်းခဲ့ပေမဲ့ အီရန်နဲ့ ဟေတီတို့လိုနိုင်ငံက ပရိသတ်တွေကိုတော့ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီနိုင်ငံတွေက ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ကစားသမားတွေ နည်းပြတွေကိုတော့ အဲဒီစည်းကမ်းချက်တွေ လွတ်ကင်းမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်ခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ ဆီနီဂေါနိုင်ငံတို့မှာရှိတဲ့ ခရီးသွားတွေဟာ အမေရိကန်ကို ခရီးသွားခွင့် ပိတ်ပင်ခံထားရမှုနဲ့ ရင်ဆိုင်နေရပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်က နိုင်ငံ ၁၂ နိုင်ငံရှိ ခရီးသွားတွေ လာမယ်ဆိုရင် သူတို့ရဲ့ ၅ နှစ်စာ ဆိုရှယ် မီဒီယာအချက်အလက်တွေကို ပေးဖို့လိုအပ်တယ်လို့ ထုတ်ပြန်ထားတာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမှာ ဖြစ်ပါတယ်။
Source: Reuters










