
မက္ကဆီကိုအသင်းနဲ့ ကစားခဲ့တဲ့ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အနီကတ်ပြ ခံရတဲ့ အင်္ဂလန်နောက်တန်းလူ ဂျာရယ်လ် ကွမ်ဆာဟာ ၂ ပွဲ ပွဲပယ် ပြစ်ဒဏ် ခံလိုက်ရတယ်လို့ နိုင်ငံတကာအားကစားသတင်းတွေက ဖော်ပြပါတယ်။
ဖီဖာရဲ့ စည်းကမ်းဥပဒေအရ ကြမ်းတမ်းတဲ့ ကစားဟန်ကြောင့် အခုလို ပွဲပယ်ခံရတာဖြစ်ပြီး အင်္ဂလန် အသင်းက အယူခံဝင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် သူဟာ နော်ဝေနဲ့ ကစားရမဲ့ ကွာတား ဖိုင်နယ်ပွဲစဉ်အပြင် ဆီမီးဖိုင်နယ်တက်ခဲ့ရင်လည်း လွဲချော်မှာ ဖြစ်ပါတယ်။
အသင်းရဲ့ ညာနောက်တန်းမှာ တခြားကစားသမားတွေ ဒဏ်ရာရနေလို့ အင်္ဂလန်နည်းပြ တူဟယ်လ် အတွက် လူရွေးချယ်စရာ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
တခြားတစ်ဖက်မှာတော့ အနီကတ်ပြခံရတဲ့ အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်ကတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဖိအားပေးမှုကြောင့် ဆိုင်းငံ့ တပွဲသာ ပွဲပယ်ခံရတယ်လို့လည်း သတင်း တွေမှာ ဆက်လက် ဖော်ပြထားပါတယ်။
Photo:Reuters










