DVB Logo
Home
နိုင်ငံတကာ
အီရန်အစိုးရက အမေရိကန်သမ္မတကို ပစ်မှတ်ထားပါက အီရန်ကို ဒုံးကျည်ဖြင့် ချိန်ရွယ်မည် 
DVB
·
July 12, 2026
Photo: REUTERS/Cheney Orr/File Photo
Photo: REUTERS/Cheney Orr/File Photo
Donate to DVB

အီရန်အစိုးရက သမ္မတကို လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် လုပ်ကြံဖို့ ကြိုးစားခဲ့မယ်ဆိုရင် အီရန်ကို တိုက်ခိုက်ဖို့ စစ်တပ်ကို အသင့်ပြင်ထားဖို့ အမိန့်ပေးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။

ကမ္ဘာတဝန်းက ခြိမ်းခြောက်မှုတွေအရ အီရန်အစိုးရက အမေရိကန်ရဲ့ လက်ရှိသမ္မတကို လုပ်ကြံရင် ဒါမှမဟုတ် လုပ်ကြံဖို့ ကြိုးစားမယ်ဆိုရင် အီရန်အစ္စလာမ်သမ္မတ နိုင်ငံကို ဒုံးကျည် ၁,၀၀၀ ပစ်လွှတ်ဖို့ ကျည်ဖြည့် အသင့်ပြင်ထားပြီး နောက်ထပ် ထောင်ပေါင်းများစွာကို ချက်ချင်း ပစ်လွှတ်ဖို့ ရှိနေတယ်လို့ ထရမ့်ပ်က ပြောပါတယ်။ 

ဒီကိစ္စမှာ ကျနော်ကို လုပ်ကြံသတ်ဖြတ်ဖို့ ခြိမ်းခြောက်မှုအပေါ် အီရန်အစိုးရက တုံ့ပြန်မယ်ဆိုရင်ပေါ့လို့ သူက Truth Social ပို့စ်တခုမှာ ပြောပါတယ်။

အမိန့်တွေ ပေးထားပြီး သားဖြစ်ပြီး အမေရိကန်စစ်တပ်က အီရန်ရဲ့ နေရာအားလုံးကို လုံးဝဖျက်ဆီးဖို့ တနှစ်တာ ကာလအတွက် အသင့်ရှိနေပြီး ဆန္ဒရှိသလောက် တတ်နိုင်သလောက် တိုးချဲ့နိုင်ပါတယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013