ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှာ နိုဝင်ဘာ ၇ ရက်က လူဦးရေ ၂၀,၀၀၀ လောက်က အီရန်နိုင်ငံကနေ ဖြုတ်ချခံခဲ့ရတဲ့ ရှားဘုရင်ရဲ့ သားဖြစ်သူ၊ ပြည်ပရောက် ရေဇာပါလာဗီကို ထောက်ခံ ဆန္ဒပြခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရေဇာပါလာဗီက လူအုပ်ကြီးကို မိန့်ခွန်းပြောချိန်မှာ လူအုပ်က အားပေးကြွေးကြော်ကြပြီး သူ့ပုံပါတဲ့ အလံတွေကို ဝှေ့ယမ်းပြသခဲ့ကြပါတယ်။
ဒီပွဲမတိုင်ခင်မှာ ရေဇာပါလာဗီဟာ အီရန်ပြည်သူတွေကို ကိုယ်စားပြုပြီး ဖရီးဒရစ်နောမန်း ဖောင်ဒေးရှင်းရဲ့ 'လွတ်လပ်ခွင့်ဆိုင်ရာဆု'ကို လက်ခံရယူခဲ့ပါတယ်။
စိန့်ပေါလ် ဘုရားကျောင်းမှာ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားမှာ ပါလာဗီက ပရိသတ်ကို မိန့်ခွန်းပြောချိန်မှာ "အစ္စလာမစ်သမ္မတနိုင်ငံတော်ကို ဖြုတ်ချဖို့ တိုက်ပွဲဝင်နေကြတဲ့ အီရန်ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခြင်းဟာ ဝေးလံတဲ့ ပရဟိတလုပ်ရပ်တခု ဒါမှမဟုတ် လူ့အခွင့်အရေးဆိုင်ရာ သဘောထားတခုလောက်သာ မဟုတ်တော့ဘဲ၊ လွတ်လပ်တဲ့ ကမ္ဘာကြီးကို ကာကွယ်ထိန်းသိမ်းဖို့ မရှိမဖြစ်လိုတဲ့ လုံခြုံရေးဆိုင်ရာ အရေးပါမှုတစ်ခု ဖြစ်လာတယ်လို့ ပြောပါတယ်။
ရေဇာပါလာဗီဟာ ၁၉၇၉ ခုနှစ်မှာ ဖြုတ်ချခံခဲ့ရတဲ့ နောက်ဆုံး ရှားဘုရင်ရဲ့ သားဖြစ်ပြီး လက်ရှိမှာ အမေရိကန်ပြည်ထောင်စုမှာ ပြည်ပရောက်ဘဝနဲ့ နေထိုင်ပါတယ်။
သူ့ကို ဝေဖန်သူတွေက သူဟာ ဖခင်ဖြစ်သူ မိုဟမ်မဒ် ရေဇာပါလာဗီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ ကင်းကင်းရှင်းရှင်း ခွဲထုတ်ထားခြင်း မရှိဘူးလို့ စွပ်စွဲပြောဆိုကြပါတယ်။
Source: Reuters











