DVB Logo
Home
မြန်မာသတင်း
ဖလမ်းကို စစ်ကြောင်းထိုးနေသည့် စစ်တပ်အထိနာပြီး တပ်ပြန်ဆုတ်နေရ
DVB
·
March 27, 2026
ဖလမ်းကို စစ်ကြောင်းထိုးနေသည့် စစ်တပ်အထိနာပြီး တပ်ပြန်ဆုတ်နေရ
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်ရနိုင်ဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ၅ လ ဝန်းကျင်ကြာတဲ့အထိ ဖလမ်းမြို့ကိုမရသေးဘဲ အထိနာတဲ့အတွက် တပ်ပြန်ဆုတ်ပြီး တီးတိန်နဲ့ ဖလမ်းနယ်စပ်ကြားမှာ စစ်ကြောင်းရပ်နေတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့ကိုပြန်ရဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ကလေး - သိုင်းငင်း - ဝေဘူလ လမ်းကြောင်း ၂ ကြောင်းကနေ အင်အားထောင်နဲ့ချီ ထိုးစစ်ဆင်နေတာပါ။ 

လက်ရှိအချိန်ထိ ဖလမ်းမြို့ကိုမရသေးတဲ့အပြင် တက်လာတဲ့ စစ်ကြောင်းတွေဟာ ချင်းတော်လှန်ရေးတပ်‌ပေါင်းစုံရဲ့ ခုခံမှုအောက်မှာ အထိနာပြီး ပြန်ဆုတ်နေရတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဖလမ်းမြို့နယ် ထင်းရှုးစခန်းက စစ်ကောင်စီတပ်စခန်းတခုကို ချင်းပူးပေါင်းတပ်ဖွဲ့တွေ ဝင်တိုက်လို့ လက်နက် ၉ လက်နဲ့ စစ်သားအလောင်းတချို့ရခဲ့ပြီး မတ်လတတိယအပတ်မှာလည်း သိုင်းငင်းနဲ့ ဇောင်ကောင်ကျေးရွာကြားကနေ တက်လာတဲ့ စစ်ကြောင်းကို CDF-CDM Siyin မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိပြီး တပ်ပြန်ဆုတ် သွားတယ်လို့ CDF-CDM Siyin က DVB ကို ပြောပါတယ်။ 

လက်ရှိစစ်တပ်ဟာ သိုင်းငင်းနဲ့ဖလမ်းကြား ဇောင်ကောင်ကျေးရွာနဲ့ လုမ်းဘန်ကျေးရွာမှာ တပ်စွဲ ထားသလို ဝေဘူလဘက်က တက်လာတဲ့ စစ်ကြောင်း ၂ ကြောင်းကလည်း ခွန်းလီရွာ ဆွမ်ဟရန်ရွာမှာလည်း တပ်စွဲနေပါတယ်။

CDF-CDM Siyin  ပြောရေးဆိုခွင့်ရှိသူက “အခု သူတို့က ထပ်ပြီးတော့ စစ်အင်အား လာဖြည့်တဲ့ သဘောပါပဲ။ ပြီးခဲ့တဲ့လကတည်းက ကား ၈ စီးနဲ့ လာပြီးတော့ အင်အားလာဖြည့်တာ ဖလမ်းတော့ မရောက်သေးဘူး၊ ကြားထဲမှာ သူတို့လည်း အများကြီး သေတာပေါ့။ ဖလမ်းဘက်မှာဆိုရင် ချင်းတော်လှန်ရေးတပ်ပေါင်းစုက ခုခံကာကွယ်နေတယ်။ တီးတိန်စစ်ကြောင်းကနေ ထိုးလာတဲ့ စစ်ကြောင်းက အခု ကျနော်တို့သိုင်းငင်နယ်ကို ဖြတ်ပြီးတော့ ဖလမ်းမြို့ကိုထိုးဖို့ တီးတိန်နဲ့ ဖလမ်းနယ်စပ်ကြားထဲမှာ သူတို့လည်းတစ်နေတယ်” လို့ ပြောပါတယ်။

ချင်းပြည်မှာ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ဖလမ်း၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ စတဲ့ မြို့နယ်ပေါင်း ၉ မြို့နယ်ထဲက ၅ မြို့နယ်ကို ချင်းတော်လှန်ရေးတပ်တွေက ထိန်း ချုပ်ထားနိုင်ခဲ့ပြီး ပလက်ဝကိုတော့ AA က ထိန်းချုပ်ထားပါတယ်။ ဟားခါး၊ တီးတိန်နဲ့ ထန်တလန်မြို့ပေါ်တွေကိုပဲ စစ်တပ်က ထိန်းချုပ်နိုင်ပါတော့တယ်။ 

မတ် ၂၀ ရက်က ဟားခါးမြို့က ပြည်နယ်လွှတ်တော်အဆောက်အအုံမှာ စစ်ကောင်စီဦးဆောင်ပြီး လွှတ်တော်အစည်းအဝေးကျင်းပနေတုန်း  ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို CDF-Hakha က ထုတ်ပြန်ခဲ့ပါတယ်။ 

ထုတ်ပြန်လာတဲ့ မှတ်တမ်းအရ အဆောက်အအုံ ခေါင်မိုးမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ ရုံးအဆောက်အအုံနဲ့ မော်တော်ယာဉ်တချို့ကို အသေခံဒရုန်းထိမှန်ခဲ့တာ တွေ့ရပါတယ်။

လက်ရှိအချိန်မှာ CDF-Hakha Central Council ထိန်းချုပ်နယ်မြေအတွင်းမှာ လက်နက်ကိုင် လှုပ်ရှားမှုတွေ မရှိသေးပါဘူးလို့ CDF-Hakha ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီဟာ ဖလမ်းကိုပြန်ရဖို့ တပ်မ ၇၇ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ တပ်ရင်းတွေထဲ က တပ်ရင်း ၉ ရင်း အင်အားထောင်နဲ့ချီအသုံးပြုပြီး ထိုးစစ်ဆင်နေတာလို့ Chinland Ministry of Defense က ထုတ်ပြန်ထားပါတယ်။ 

မောရစ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013