DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၈၇ ကျောင်း ပိတ်လိုက်ရ
DVB
·
August 13, 2026
Photo: Myo Min
Photo: Myo Min
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ရေကြီးရေလျှံပြီး စာသင်ကျောင်းတွေ ရေဝင်နစ်မြုပ်လာလို့ အခြေခံပညာကျောင်း ၈၇ ကျောင်းကို ပိတ်သိမ်းလိုက်ရတယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး စာသင်ကျောင်းတွေထဲ ရေတွေဝင်ရောက်ကာ နစ်မြုပ်လာတဲ့အတွက်  ပခုက္ကူမြို့နယ်မှာ အခြေခံပညာစာသင်ကျောင်း ၈၇ ကျောင်းကို သြဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

ပညာရေးဌာနနဲ့ နီးစပ်သူတယောက်က “မပိတ်ဘူးဆိုရင် တကယ့်ကို အန္တရာယ်ရှိတဲ့ အခြေအနေမို့ ပိတ်လိုက်တာ။ အထက်တန်းကျောင်းတွေလည်း ပါတယ်။ လောလောဆယ် ရက်အကန့်မရှိ ပိတ်တာ။ ရေအခြေအနေကို စောင့်ကြည့်နေတယ်” လို့ ပြောပါတယ်။

ယာယီပိတ်လိုက်ရတဲ့ စာသင်ကျောင်း ၈၇ ကျောင်းမှာ အခြေခံပညာမူလတန်းကျောင်း ၃၃ ကျောင်း၊ မူလွန်ကျောင်း ၁၇ ကျောင်း၊ အလယ်တန်းခွဲကျောင်း ၄ ကျောင်း၊ အလယ်တန်းတွဲဖက် ၁ ကျောင်း၊ အလယ်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းခွဲကျောင်း ၁၅ ကျောင်း၊ အထက်တန်းကျောင်း ၇ ကျောင်း ဖြစ်တယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူက “နေအိမ်တွေ ရေနစ်မြုပ်တာတွေလည်း ရှိတယ်။ အရေးပေါ် ပြောင်းရွှေ့နေရတယ်။ လူတွေရော တိရစ္ဆာန်တွေပါ အရေးပေါ် ပြောင်းရွှေ့နေရတယ်” လို့ ပြောပါတယ်။

ပိတ်လိုက်ရတဲ့ စာသင်ကျောင်းတွေက ကျောင်းသား ကျောင်းသူတွေ ကျောင်းပိတ်ချိန်က နောက်ကျခဲ့တဲ့ သင်ခန်းစာတွေကို ရေကျသွားလို့ စာသင်ကျောင်းတွေ ပြန်ဖွင့်ချိန် စာသင်ရက်ထပ်တိုးကာ အစားထိုး ပြန်လည်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013