
စပိန် ဒုတိယတန်း ကလပ်အသင်းဖြစ်တဲ့ အယ်လ်ဒန်းဆီအသင်းကို အာဂျင်တီးနား ဝါရင့် တိုက်စစ်မှူး လီယိုနယ်မက်ဆီက အပြီးသတ် ဝယ်ယူလိုက်ပြီလို့ အဆိုပါ ကလပ်အသင်းရဲ့ ဝဘ်ဆိုက်မှာ ထုတ်ပြန် ပါတယ်။
အသက် ၃၉ နှစ်အရွယ် မက်ဆီဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း စပိန်ကလပ် ကော်နဲလားအသင်းကို ဝယ်ယူခဲ့တာကြောင့် ဒါဟာ ဒီနှစ်အတွင်း စပိန်မှာ ဒုတိယမြောက် ကလပ်အသင်းကို ဝယ်ယူ လိုက်တာ ဖြစ်ပါတယ်။
လက်ရှိ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီမှာ ကစားနေတဲ့ မက်ဆီဟာ အယ်လ်ဒန်းဆီးအသင်းရဲ့ အစုရှယ်ယာ အများစုကို လွှဲပြောင်းယူခဲ့တာဖြစ်ပြီး ကလပ်အသင်း ရေရှည်တိုးတက်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အယ်လ်ဒန်းဆီးအသင်းဟာ လက်ရှိ စပိန် ဒုတိယတန်း အမှတ်ပေးဇယားမှာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Photo:Reuters










