တောင်ကိုရီးယားနဲ့ ဗီယက်နမ် ကုမ္ပဏီတို့ဟာ နည်းပညာ၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေမှာ စီးပွားရေး သဘောတူညီမှုပေါင်း ၇၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါဟာ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းကို ရောက်ရှိချိန်မှာ ၂ နိုင်ငံ စီးပွားရေးစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့တာပါ။
အီနဲ့ ဗီယက်နမ် ထိပ်သီးခေါင်းဆောင်တွေကြား ပူးပေါင်းဆောင်ရွက်မှု ၁၂ ခုအတွက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် စီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီ စီးပွားရေးစာချုပ် ၇၃ ခုဟာ ဘာတွေလဲနဲ့ တန်ဖိုးဘယ်လောက်ရှိလဲ ဆိုတာတော့ ဖော်ပြတာ မတွေ့ရပါဘူး။
၂၀၂၄ ခုနှစ်ကနေ ပြီးခဲ့တဲ့နှစ်အထိ ဗီယက်နမ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ၂၅ ရာခိုင်နှုန်း ကျဆင်းနေပေမဲ့ တောင်ကိုရီးယားနိုင်ငံဟာ ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ စည်းမျည်းတွေကြား ကုန်သွယ်ရေးမသေချာမှုတွေ စိုးရိမ်မှုတွေကြားမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေတာလို့ ရိုက်တာက ဖော်ပြပါတယ်။
ဗီယက်နမ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကိုရီးယားကုမ္ပဏီ ၁၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲမှာ ကာလရှည် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့ ဆမ်ဆောင်းကုမ္ပဏီနဲ့ အမေရိကန် ဂျင်းအဝတ်အစား ထုတ်လုပ်တဲ့ Lee ကုမ္ပဏီတို့ ပါဝင်ပါတယ်။
ဗီယက်နမ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရခဲ့တယ်လို့ ကိုရီးယားစီးပွားရေးဝန်ကြီးက ကြာသပတေးနေ့မှာ အတည်ပြုထားပါတယ်။
Source: Reuters










