
ချဲလ်ဆီးအသင်းဟာ ရာသီအကုန်မှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် လေဗာကူဆင်နဲ့ အတူ ရှုံးပွဲမရှိ ရာသီမှတ်တမ်းတင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းလည်းဖြစ်တဲ့ ဇာဗီအလွန်ဆိုကို အစောဆုံး ဦးစားပေးအဖြစ် အလေးအနက် စတင်စုံစမ်းနေပါတယ်။
ချဲလ်ဆီးရဲ့ လျာထားချက်စာရင်းမှာ အလွန်ဆိုအပြင် အီရာအိုလာ၊ မာကိုဆေးလ်ဗား၊ ပဲလေ့စ်နည်းပြ ဂလက်စနာ၊ ဖာဘရီဂတ်စ်နဲ့ ဖိလစ်ပီလူးဝစ် အပါအဝင် စုစုပေါင်း နည်းပြ ၆ ယောက်အထိ ပါဝင်နေတာပါ။
အသင်းဘုတ်အဖွဲ့ဟာ ဇွန်လလယ်ပိုင်းမတိုင်ခင် အသင်းရဲ့ ရေရှည်မျှော်မှန်းချက်နဲ့ ကိုက်ညီမဲ့ နည်းပြသစ်တယောက်ကို အပြီးသတ်ခန့်အပ်နိုင်ဖို့ ရည်မှန်းထားပြီး လက်ရှိမှာတော့ အလွန်ဆိုကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ပိုများနေပါတယ်။










