
တီဟီရန်မြို့အနောက်ဘက်က ဈေးဝယ်စင်တာတခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၈ ယောက် သေဆုံးကာ ၃၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အီရန်နိုင်ငံပိုင် IRIB ရုပ်သံဌာနက မေလ ၅ ရက်မှာ သတင်းထုတ်ပါတယ်။
မျက်မြင်သက်သေ ဗီဒီယိုမှတ်တမ်းတွေမှာတော့ ဈေးဝယ်စင်တာတခုလုံး အရှိန်ပြင်းပြင်း မီးလောင်ကျွမ်းနေပြီး အခင်းဖြစ်ပွားရာ နေရာကနေ မီးခိုးလုံးကြီးတွေ အလိပ်လိုက် ထူထူထပ်ထပ် တက်နေတာကို တွေ့ရပါတယ်။
အဆောက်အအုံရဲ့ အပြင်ဘက်မျက်နှာစာမှာ အသုံးပြုထားတဲ့ ပစ္စည်းတွေဟာ မီးလောင်လွယ်တာကြောင့် မီးတောက်တွေ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားတာလို့ ဒေသခံမီးသတ်ဌာနက ပြောပါတယ်။
မေ ၄ ရက်မှာ အီရန်နဲ့ အမေရိကန် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီးနောက်မှာ ၂ နိုင်ငံကြားက ထိလွယ်ရှလွယ်ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲရေးအခြေအနေဟာ ထပ်မံဖိအားပေးခံနေရချိန်မှာပဲ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
Source: Reuters










