DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တပ်က ပစ်ကွင်းမလွတ်သဖြင့် ရေကြည် ရွာ ၅ ရွာကို ဖိအားပေးနှင်ထုတ်
DVB
·
July 1, 2026
ပြောင်းရွှေ့နေကြသည့် အရပ်သားများ။ (Photo:  KKL)
ပြောင်းရွှေ့နေကြသည့် အရပ်သားများ။ (Photo:  KKL)
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်အာဏာရှင်တပ်က ပစ်ကွင်း မလွတ်ဘူးဆိုပြီး ကျေးရွာ ၅ ရွာ ထက် မနည်းက အရပ်သားတွေကို ဖိအားပေးနှင်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၉ ရက်ကစပြီး ရေကြည်မြို့နယ်ထဲက ကျောက်ခဲနီ၊ ကမ္ဘားကြီး (ကမ်းဘားကြီး)၊ သောင်တန်း၊ စိမ့်ကွင်း၊ ဘုရားကြီး ရွာတွေက အရပ်သားတွေကို စစ်အာဏာရှင်တပ်က ပစ်ကွင်း မလွတ်ဘူးဆိုပြီး စစ်အာဏာရှင်တပ်က ဖိအားပေးနှင်ထုတ်နေတာလို့ ဆိုပါတယ်။

ရေကြည် ဒေသခံတယောက်က “စစ်တပ်က ပစ်ကွင်းမလွှတ်ဘူးဆိုပြီး ရွာသားတွေကို ဖိအားပေး အတင်းအဓမ္မနှင်ထုတ်နေတာ။ ပြောင်းရွှေ့တဲ့သူများတယ်။ ကြောက်တော့ ရွှေ့ကြရတာပေါ့” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်က အရပ်သားတွေနေတဲ့ အဆိုပါ ရွာ ၅ ရွာမှာ လက်နက်ကြီးတွေတပ်ဆင် ထားပြီး တပ်စွဲအထိုင်စခန်းချကာ အရပ်သားတွေကို ဖိအားပေးဖယ်ရှားနေတာလို့ ဆိုပါတယ်။

ရေကြည် စစ်ရေးသတင်းရင်းမြစ်တယောက်က “ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ အာရက္ခတပ်တော် နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ရေကြည်မြို့နယ်ထဲက အမှတ် ၁၈၈ တောင်ကုန်းအပါအဝင် ပွိုင့်တောင်ကုန်း ၃ ခုထက် မနည်းကို သိမ်းပိုက်ခဲ့တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်တပ်က ခံစစ်ပြင်တဲ့ ပုံစံနဲ့ အရပ်သားတွေနေတဲ့ ကျေးရွာတွေအထိ ဝင်ရောက်လာပြီး လက်နက်ကြီးတွေ တပ်ဆင် အထိုင်စခန်းချပြင်နေတာ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်က အရပ်သားတွေကို ဖိအားပေးပြောင်းရွှေ့ခိုင်းနေတာကြောင့် အသုတ်၊ ဟင်္သာတ၊ သာပေါင်း၊ ငါးသိုင်းချောင်းနဲ့ ရေကြည်ဘက်ကို ပြောင်းရွှေ့နေကြသလို ဇူလိုင် ၁ ရက် အထိ မပြောင်းရွှေ့ဘဲ နေထိုင်နေတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်က အရပ်သားတွေကို ဖိအားပေးပြောင်း ရွှေ့ခိုင်းနေသလို ရေကြည်ဘက်ကို ပုသိမ်နဲ့ရန်ကုန်ကနေ စစ်အင်အားအများအပြား ဖြည့်တင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013