DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်မှုထမ်းကြေးမထည့်သူများကို ပြည်သူ့စစ်အဖွဲ့က သေနတ်ဒင်ဖြင့် ရိုက်နှက်
DVB
·
June 11, 2026
Photo: Mg Mg
Photo: Mg Mg
Donate to DVB

​ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်ခန့် ပြည်သူ့စစ်၊ ရာအိမ်မှူးနဲ့ အဖွဲ့က စစ်မှုထမ်းကြေးထည့်ဖို့ ပျက်ကွက်တဲ့ အရပ်သားတွေကို သေနတ်ဒင်နဲ့ ရိုက်နှက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေးမျက်နှာမြို့နယ်၊ ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ နှင်းကြမ်းကျေးရွာမှာ ပြည်သူ့စစ်လည်းဖြစ်၊ ရာအိမ်မှူးဖြစ်တဲ့ ဦးဝင်းမောင်နဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဝင်းဗိုလ်၊ ဦးချစ်ထွန်းတို့ ပူးပေါင်းပြီး စစ်မှုထမ်း ကြေးထည့်ဖို့ ပျက်ကွက်တဲ့သူတွေကို သေနတ်နဲ့ချိန်ပစ်ခတ်မယ်လို့ ခြိမ်းခြောက်တာ၊ သေနတ်ဒင်နဲ့ ရိုက်နှက်တာတွေ လုပ်နေတာလို့ ဆိုပါတယ်။

ဇွန် ၁၀ ရက်ကလည်း ဒေသခံ ဦးမြင့်နိုင်ကို စစ်မှုထမ်းကြေးထည့်ဖို့ ပျက်ကွက်တာကြောင့် ရာအိမ်မှူး ဦးဝင်းမောင်နဲ့အဖွဲ့က သေနတ်ဒင်နဲ့ရိုက်နှက်ခဲ့ရာ ဦးခေါင်းကွဲ ပြင်းထန်ဒဏ်ရာရရှိခဲ့တာ အပါအဝင် အရပ်သား ၇ ယောက်ထက်မနည်း ရိုက်နှက်ခံထားရတယ်လို့ သိရပါတယ်။

ရိုက်နှက်ခံရသူနဲ့ နီးစပ်သူတယောက်က “ကောက်တဲ့ငွေ မထည့်နိုင်ရင် ရိုက်တာ။ လစဉ်ထည့် ပေးနေရတာ။ တခါတရံ ပျက်ကွက်တာရှိတာပေါ့၊ မရဘူးရိုက်တာ။ အဆိုးဆုံး ရိုက်နှက်ခံရတာတော့ ဦးမြင့်နိုင်ပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ပြည်သူ့စစ်လည်းဖြစ်၊ ရာအိမ်မှူးလည်း ဖြစ်တဲ့ ဦးဝင်းမောင်နဲ့အဖွဲ့က ရွာအတွင်း တလလျှင် တအိမ် ကျပ် ၄၀,၀၀၀ စစ်မှုထမ်းကြေး ကောက်ယူတာကို ဦးဆောင်လုပ်နေတာလို့ ဆိုပါတယ်။

ကျေးရွာဒေသခံအရပ်သားတယောက်က “ဦးဝင်းမောင်နဲ့အဖွဲ့က လတိုင်း စစ်မှုထမ်းကြေးငွေကို အတင်းအကျပ် ကောက်နေတာ။ လတိုင်းဆိုတော့ အဆင်မပြေသူတွေလည်း ရှိတာပေါ့။ မပေးနိုင်သူ တွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်နေတာ။ အကျိုးအကြောင်း ရှင်းပြလည်းမရဘူး။ တိုင်ချင်တဲ့ ဆီ သွားတိုင်လို့ကိုပြောတာ” လို့ ပြောပါတယ်။

ကြီးပေါက်ကုန်းကျေးရွာအုပ်စုမှာ စစ်မှုထမ်းအပတ်စဉ် ၃ ကတည်းက တအိမ်ကျပ် ၄၀,၀၀၀ လစဉ် ကောက်ယူနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းငွေ ထည့်ဝင်ဖို့ ခက်ခဲပျက်ကွက်သူတွေကို ဦးဝင်းမောင်နဲ့အဖွဲ့က နှင်းကြမ်းကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်(ပသစ)ဂိတ်ကို ဖမ်းဆီးခေါ်ယူကာ ရိုက်နှက်နေတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013