DVB Logo
Home
ရွေးကောက်ပွဲ
၂၀၁၅ ရွေးကောက်ပွဲအပေါ် သူတို့အမြင် သူတို့စကား
DVB
·
March 9, 2015
၂၀၁၅ ရွေးကောက်ပွဲအပေါ် သူတို့အမြင် သူတို့စကား
Donate to DVB

ဦးဇိုဇမ် (ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)

နိုင်ငံရေးပါတီတွေမှာကျင့်ဝတ်ဆိုတာရှိပါတယ်။ ကိုယ့်ပါတီရဲ့ အနေအထား ကိုယ့်ကိုယ်ကျင့်တရားနဲ့ ရှိနေမယ်ဆိုရင် သောကရောက်စရာ မရှိပါဘူး။”

ဦးကျော်စွာစိုး (တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ)

“အစိုးရဆိုတာ အဝေဖန် ခံရမှာပဲ။”

ဦးသိန်းညွန့် (အမျိုးသားဒီမိုကရေစီ ပါတီသစ်)

“အချက်အလက်နဲ့ ထောက်ပြရမယ့်အစား တပ်မတော်တစ်ခုလုံးကို ပြောမယ်ဆိုရင်တော့ တည်ဆဲဥပဒေအရ အရေးယူလာရင် ဖြေရှင်းရမှာပေါ့။ ဒါကြောင့် ကိုယ်ကိုတိုင် ရွေးကောက်ပွဲဥပဒေ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ အခြေခံဥပဒေစတဲ့ ဥပဒေတွေကို နားလည်ထားဖို့ လိုအပ်တယ်။”

ဦးမျိုးညွန့်  (ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေးပါတီ အတွင်းအရေးမှူး)

“ပြဿနာအနည်းဆုံးနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းဆိုပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ Third Draft လောက်ပြီးသွားပြီ။ အားလုံးပြီးဆုံးဖို့က ဒါကအချိန်ကာလအတိုင်းအတာလဲ ရှိတယ်။ မေလ ဇွန်လလောက်ထက် နောက်ကျလို့ မဖြစ်ဘူး။ အဲဒါရဲ့နောက်သုံးလလောက်ဆို ရွေးကောက်ပွဲက လာတော့မယ်။ အဲဒီလောက်အတွင်းမှာ ကျနော် တို့ ပြီးအောင် ဆောင်ရွက်ရဖို့ ရှိပါတယ်။ အဆင့်အတန်းရှိတဲ့ ဒီမိုကရေစီတိုင်းပြည်တွေမှာ ဒါတွေရှိလေ့ရှိတယ်။ ဘာတော့သတိထားရမလဲဆိုရင်တော့ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်လေး ဆိုတာမျိုး မဖြစ်အောင် ပါဝင်ပတ်သက်သူတွေရော ပြည်ထာင်စုရွေးကောက်ပွဲကော်မရှင်ရော နိုင်ငံတော်အစိုးရရော အဲဒါစဉ်းစားဖို့ လိုတယ်။”

 

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013