DVB Logo
Home
ရွေးကောက်ပွဲ
၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးက အဓိကလား၊ အခြေခံဥပဒေ ပြင်ဆင်ရေးက အဓိကလား?
DVB
·
April 27, 2015
၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးက အဓိကလား၊ အခြေခံဥပဒေ ပြင်ဆင်ရေးက အဓိကလား?
Donate to DVB

သူတို့အမြင် သူတို့စကား

၂၀၁၅ ခုနှစ်အတွင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ နိုင်ငံရေးပါတီတွေနေနဲ့ ပြင်ဆင်ဆောင်ရွက်နေတာတွေရှိနေသလို ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ တိုင်းရင်းသာပါတီ တော်တော်များများကလည်း ဆန္ဒရှိနေပါတယ်။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးက အဓိကလား အခြေခံဥပဒေ ပြင်ဆင်ရေးကအဓိကလားဆိုတာကို ဒီတပတ်ရဲ့ Election Perspectives မှာ ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်နန်းထွေးမှုံ (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)
နဂိုအစကတည်းက ကျမတို့မှာ ၂၀၀၈ အခြခံဥပဒေမပြင်ရင် ရွေးကောက်ပွဲမ၀င်ဘူးဆိုတာကို တောက်လျှောက် ကျမတို့ပြောလာပါတယ်။ ဒါပေမယ့် အခြေအနေက အားလုံးကို သုံးသပ်တဲ့အခါမှာ ကျမတို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ လွှတ်တော်ထဲကို ၀င်မှဖြစ်မှာ ဆိုတာကို စဉ်းစားလာတယ်။

ဦးငိုင်ဆာခ့် (ဥက္ကဋ္ဌ - ချင်းဒီမိုကရေစီအဖွဲ့ချုပ်)
ဒီနှစ်ခုလုံးက တကယ်တမ်းပြောရရင် အရေးကြီးတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ အောင်နိုင်ချင်တာ ဘာကြောင့်လဲဆိုရင် ကျနော်တို့ရာထူးရရေးက အရေးမကြီးပါဘူး။ ဘာအတွက်အရေးကြီးလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို အခြေခံတဲ့ အခြေခံဥပဒေဖြစ်ရေးအတွက်ကို ရွေးကောက်ပွဲဝင်ရတာပါ။ ဘယ်ဟာအရေးကြီးလဲဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက အရေးကြီးဆုံးပဲ။ စစ်မှန်သောပြည်ထောင်စုစနစ်တည်ဆောက်ဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တိုင်ရင်းသားလူမျိုးတွေတန်းတူညီတူ ဖြစ်ဖို့က အရေးကြီးဆုံးပဲ။ အဲဒီဟာကို အကောင်အထည်ဖော်ဖို့သာလျှင် ပါတီဖွဲ့စည်ပြီး ရွေးကောက်ပွဲဝင်ရတာ ဖြစ်ပါတယ်။

Zam Za Mung (အတွင်းရေးမှူး - ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်)
ကျနော်တို့ပါတီအနေနဲ့က နှစ်ခုလုံးက အဓိကကျတယ်။ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အရေးကြီးသလို ၂၀၁၅ မှာ ကျနော်တို့ပါတီအနိုင်ရဖို့ကလည်း အရေးကြီးတယ်။ နှစ်ခုလုံးအရေးကြီးပါတယ်။

ဦးစနီအောင် (ဥက္ကဋ္ဌ ခူမီးအမျိုးသားပါတီ)
ကျနော်တို့ပါတီအနေနဲ့က ရွေးကောက်ပွဲအောင်မြင်ရေးကလည်း အရေးကြီးတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း အရေးကြီးတယ်။

ဦးမြင့်မောင် (ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)
ကျနော်တို့ပါတီအနေနဲ့ ကတော့ လောလောဆယ်မှာ တတိယအင်အားစုအဖြစ်ရပ်တည်ထားတဲ့ ပါတီဖြစ်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးက အဓိကပါပဲ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013