DVB Logo
Home
ရွေးကောက်ပွဲ
၂၀၁၅ ရွေးကောက်ပွဲနှင့် မီဒီယာ (သူတို့အမြင် သူတို့စကား)
DVB
·
May 12, 2015
၂၀၁၅ ရွေးကောက်ပွဲနှင့် မီဒီယာ (သူတို့အမြင် သူတို့စကား)
Donate to DVB

ဦးကိုကို ( ဥက္ကဋ္ဌ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ)
သတင်းအချက်အလက်တွေကို မဲဆန္ဒရှင်တွေဆီ အရောက်ပို့နိုင်တာက မီဒီယာဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာတွေကို အားကိုးပါတယ်။ မိတ်ဖက်လိုလည်း သဘောထားပါတယ်။ သူ့ဖက်က ဘယ်လောက် ဖြူဖြူစင်စင်နဲ့ အက်သစ်ကိုလိုက်နာပြီးတော့ မီဒီယာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သလဲဆိုတာက တော့ သူတို့ပေါ်မှာပဲ မူတည်တယ်။

ဦးသောင်းစုငြိမ်း (7Day News ဂျာနယ်)
ဒီ ၂၀၁၅ ကအတန်းတင်စာမေးပွဲနဲ့ နှိုင်းယှဉ်လို့ရတယ်။ ဒီအတန်းတင်စာမေးပွဲမှာ အောင်ရင်လည်း အတန်းအောင်ပြီးတော့ နောက်ထပ်တဆင့်တိုးနိုင်တယ်။ မအောင်ဘူး ဆိုရင်တော့ အတန်းကျကြီးဖြစ် ပြီးတော့ တော်တော်လေးအခြေအနေက ရှုပ်ထွေးသွားနိုင်တယ်။ အဲ့ဒီလို အနေအထားမျိုးဖြစ်တဲ့အတွက် မီဒီယာတွေအနေနဲ့ကလည်း စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ရမယ်။ သတင်းမီဒီယာ ပညာတွေတင်သာမကပဲနဲ့ နည်းပညာရော Electionနဲ့ ပတ်သတ်တာကော Media House တွေ အများကြီးပြင်ဆင်ဖို့ လိုတယ်။

မမြနန္ဒာ (New Myanmar Foundation)
ရွေးကောက်ပွဲမှာ မီဒီယာတော့ အသက်ပဲပေါ့။ ရွေးကောက်ပွဲတခုလုံးဖြစ်စဉ်မှာ လူတွေက ရွေးကောက်ပွဲနီးပြီဆိုရင် မီဒီယာကိုပဲ စောင့်ဖတ်ရတယ်။ ဒါကြောင့် ဖော်ပြမှုတွေက အရမ်း အရေးကြီးတယ်။ ရွေးကောက်ပွဲနားနီးလာရင် ဘာထပ်ပြီးကြုံရနိုင်လည်းဆိုတော့ မီဒီယာတွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲပေါ့။ ဆိုလိုတာ ဒီမီဒီယာကို ဘယ်သူပိုင်တာလဲပေါ့။ စည်ပင် ရွေးကောက်ပွဲတုန်းက တွေ့ရတယ်။ ကိုယ်စားလှယ်လောင်း တယောက်တည်းနာမည်ကို ကြော်ငြာပေးတာ ဂျာနယ်တစောင်က နေပြီးတော့။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒါမျိုးတွေက အခက်ခဲဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ပါတီတခုခု သို့မဟုတ် ကိုယ်စားလှယ်လောင်းတယောက်တည်းကိုပဲ ဘက်လိုက်ရေးသားတာမျိုးဆိုရင် လူထုက အသိပညာမရပဲနဲ့ ဆုံးဖြတ်ချက်တွေ ဝေဝါးစေနိုင်ပါတယ်။ မှားယွင်းတာတွေ ဖြစ်စေနိုင်ပါတယ်။

ဦးဖေမြင့် (စာရေးဆရာ)
နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေ သိပ်စိတ်မဝင်းစားတဲ့အချိန်မှာ သတင်းမီဒီယာသမားတွေက တော်တော်တတ်တတ်ကြွကြွနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ခပ်စောစောထဲက စပြီး မဲဆွယ်တာတွေ အစည်းအဝေးလုပ်တာတို့ အဖွဲ့အစည်းတွေ ပါတီခေါင်းဆောင်တွေ စသဖြင့် မေးမြန်းတယ်။ အရပ်ထဲက လူတွေကိုလည်း နိုင်ငံရေးအမြင်တွေလိုက် မေးမြန်းတယ် စသဖြင့် တော်တော်လေးတော့လုပ်ခဲ့ ကြတာတွေ့ပါတယ်။
၂၀၁၅ မှာ ရွေးကောက်ပွဲသည် ကျကျနန ကျင်းပဖြစ်မယ်ဆိုရင်တော့ မြန်မာသတင်းမီဒီယာတွေရဲ့ ရွေးကောက်ပွဲကို သတင်းယူပုံ တင်ဆက်ပုံတွေကို ပိုပြီး ပြည့်ပြည့်ဝဝ မြင်ရမယ်လို့ မျှော်လင့်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013