DVB Logo
Home
ရွေးကောက်ပွဲ
ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးမလဲ...
DVB
·
June 4, 2015
ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးမလဲ...
Donate to DVB

သူတို့အမြင် သူတို့စကား

ဘယ်ပါတီကိုမဲပေးရမယ်ဆိုတာ မစဉ်းစားရသေးဘူး - ကိုဇော်ထွေးဦး (မသန်စွမ်းသူများကောင်စီ)

ပွင့်ပွင့်လင်းလင်းပြောရရင် မရွေးချယ်ရသေးဘူး။ ဘယ်သူ့ကိုရွေးချယ်ပြီး ဘယ်ပါတီကို မဲပေးရမယ် ဆိုတဲ့ကိစ္စက ကျနော်တို့ မသန်စွမ်းတွေအတွက် သိပ်ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား အပြောင်းအလဲကြီးကို လုပ်ပေးမယ့် ခေါင်းဆောင်ရယ်လို့ ကျနော့်စိတ်ကူးထဲမှာ မတွေ့ဘူး၊ ဒါကြောင့် ဘယ်သူဘယ်ဝါ ဘယ်ပါတီကိုမဲပေးဖို့ မစဉ်းစားရသေးဘူး၊ မဆုံးဖြတ်ရသေးဘူး။

ကိုယ်စားလှယ်လောင်းတွေကို သိပ်အားမရဘူး - ချောချောကြေးမုံ (ဧည့်လမ်းညွှန်)
အစ်မက ပထမဆုံး ရွေးကောက်ပွဲမှာ မဲမပေးခဲ့ဘူး၊ ကြားဖြတ်မှ မဲပေးခဲ့တာ။ အမှန်တိုင်းပြောရင်တော့ အရမ်းကြီး ထိုက်တန်တယ်လို့မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့တချို့သောသူတွေပေါ့၊ ဥပမာ မင်္ဂလာတောင်ညွန့်က မဲဆန္ဒနယ်ကိုယူတယ်။ ဒါပေမယ့် ဒီမြို့နယ်ကို သုံးလမှ တခေါက်လောက်တောင် မြို့နယ်ရဲ့အခြေအနေ၊ ဘာများဖြစ်နေလဲ၊ ရေများရှိရဲ့လား၊ မီးများလာရဲ့လားဆိုတဲ့ အခြေခံတွေတောင်မှ ကိုယ်စားလှယ်လောင်းတွေက ဆင်းကြည့်တာ မတွေ့ရဘူးဆိုတော့ အရမ်းအားရတဲ့အထဲမှာတော့ မပါဘူး။ အစ်မအနေနဲ့ ပြည်သူက ယုံယုံကြည်ကြည်နဲ့ မဲပေးလိုက်တဲ့ လွှတ်တော်အမတ်တဦးဟာ ဒီနေ့ဒီအချိန် ကိုယ်တာဝန်ယူပြီးတဲ့ အချိန်ကစပြီး အနည်းဆုံး သုံးလတကြိမ် သို့မဟုတ် ခြောက်လတကြိမ်တော့ မြို့နယ်ကို ပြန်ဆင်းစေချင်တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013