
ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ မြေနီကုန်း ကုန်းတံတားပေါ်ကနေ ဧပြီ ၅ ရက် ဒီနေ့လယ်မှာ လူတယောက် ခုန်ချသေဆုံးခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ ပရဟိတအသင်းဆီက သိရပါတယ်။
နေ့လယ် ၁၂ နာရီ မိနစ် ၂၀ ကျော်က ရှင်စောပုလမ်းနဲ့ ပြည်လမ်းထောင့် ကုန်းတံတားပေါ်ကနေ လူတယောက် ခုန်ချတယ်ဆိုတဲ့ သတင်းရတာကြောင့် လူနာတင်ကားတစီး ထွက်ခွာကူညီခဲ့တယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက ဆိုပါတယ်။
ခုန်ချသူဟာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး ပြုတ်ကျတဲ့ ဒဏ်ရာနဲ သေဆုံးနေတာကြောင့် ရုပ်အလောင်းကို လိုအပ်တာတွေ စနစ်တကျပြုလုပ်ကူညီပေးပြီး ကြီးလေးကြီး လူမှုကူညီရေးအသင်းက လူနာတင်ကားနဲ့ ရန်ကုန်ဆေးရုံကြီးဆီကို ဆက်လက်ပို့ဆောင် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။











