
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး ၆ ထပ်ဈေး အပေါ်ဆုံးထပ်ကနေ စက်တင်ဘာ ၂၂ ရက် ဒီမနက် ၉ နာရီလောက်က အမျိုးသမီးငယ်တယောက် ခုန်ချပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဈေးအပေါ်ဆုံးထပ် ၆ လွှာမှာရှိတဲ့ GOGO Park အားကစားကွင်းမှာ အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် မစန္ဒီပြည့်စုံကျော်ဟာ ၆ လွှာကနေ ခုန်ချခဲ့တာလို့ သိရပါတယ်။
မြို့ခံတယောက်က “ခုန်ချမှုကြောင့် အဲဒီမိန်းကလေးက ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝဲ၊ ယာ ပေါင်ကျိုးဒဏ်ရာနဲ့ ကျောပြင်ပွန်းခြစ်ဒဏ်ရာတွေရရှိပြီး သေဆုံးခဲ့တာလို့ သိရတယ်” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်ဦးလွင်မြို့မရဲစခန်းက အခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းက အလောင်းကို ပြင်ပလူနာဌာနကတဆင့် ရေခဲတိုက်ကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။











