၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (K) နောက်ဆုံးပွဲစဉ်အဖြစ် ကိုလံဘီယာနဲ့ ပေါ်တူဂီတို့ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီ အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇွန် ၂၇ ရက်ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ဂိုးမရှိ သရေကျပြီး ၂ သင်းစလုံး နောက်တဆင့်ကို တက်ရောက် သွားပါတယ်။
ဒီပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် ဝါရင့်ကစားသမား စီရော်နယ်ဒို ပွဲချိန်အပြည့် ပါဝင်ကစားခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒီပွဲရလဒ်ကြောင့် ကိုလံဘီယာအသင်းက ရမှတ် ၇ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့် ၃၂ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားသလို ပေါ်တူဂီအသင်းကလည်း အုပ်စု ဒုတိယနဲ့ နောက်တဆင့် တက်သွားပါတယ်။
တချိန်တည်းမှာယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အုပ်စု (K) တခြားပွဲစဉ်တခုမှာတော့ ဒီအာရ်ကွန်ဂို အသင်းက ဥဇဘက်ကစ္စတ်ကို (၃-၁) ဂိုးနဲ့ နိုင်ပြီး အုပ်စု တတိယနေရာကနေ နောက်တဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်သွားပါတယ်။










