
ဇာပိုရစ်ရှ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံ (ZNPP) ရဲ့ တခုတည်းသော ဓာတ်အားလိုင်းကို ပြုပြင်နိုင်စေဖို့ IAEA က ကြားဝင်ဆောင်ရွက်ပေးတဲ့ ဒေသတွင်း အပစ်အခတ်ရပ်စဲရေးဟာ စနေနေ့မှာ အသက်ဝင်ခဲ့တယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့စ်စီက ပြောခဲ့ပါတယ်။
ဒနီပရိုမြစ်ရဲ့ မြောက်ဘက်ခြမ်းက စစ်ရေးလှုပ်ရှားမှုတွေကြောင့် စက်ရုံဟာ သြဂုတ် ၂၀ ရက်မှာ ကျန်နေတဲ့ ဓာတ်အားလိုင်းဖြစ်တဲ့ 330 kilovolt Ferosplavna-1 နဲ့ အဆက်ပြတ်သွားတယ်လို့ အေဂျင်စီက တရားဝင် ဝက်ဘ်ဆိုက်က ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။
အဲဒီအချိန်ကစပြီး ZNPP ဟာ ဓာတ်ပေါင်းဖို ခြောက်ခုနဲ့ လောင်စာကန်တွေကို အအေးခံဖို့ အရေးပေါ်သုံး ဒီဇယ်ဂျင်နရေတာတွေကို မှီခိုအားထားခဲ့ရပါတယ်။
Source: Reuters











