၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အုပ်စု (I) ပွဲစဉ်အဖြစ် နော်ဝေအသင်းနဲ့ ဆီနီဂေါအသင်းတို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်/နယူးဂျာစီကွင်းမှာ ဒေသစံတော်ချိန် ဇွန် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ နော်ဝေအသင်းက တိုက်စစ်မှူးဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် (၃-၂) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
နော်ဝေအသင်းဟာ ဆီနီဂေါအသင်းကို ထိန်းကစားကာ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ပထမပိုင်း ၄၃ မိနစ် ကူလီဘာလီရဲ့ အမှားကနေတဆင့် ပီဒါဆင်က နော်ဝေအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းအစ ၄၈ မိနစ်နဲ့ ၅၈ မိနစ်တွေမှာ သွင်းယူခဲ့တဲ့ ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် နော်ဝေအသင်းအနိုင်ရပြီး ၃၂ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာတော့ ဆီနီဂေါအသင်းမှ ဆားရ်က ဆီနီဂေါအသင်းအတွက် ချေပဂိုးတွေကို ပွဲချိန် ၅၃ မိနစ်နဲ့ ပွဲပြီးခါနီး မိနစ် ၉၀ လွန် နာကျင်အချိန်ပိုမှာ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ဆီနီဂေါအသင်းအနေနဲ့ နော်ဝေအသင်းနဲ့အတူ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ လာမဲ့သောကြာနေ့မှာ ကစားရမဲ့ အုပ်စု (I) နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အီရတ်အသင်းနဲ့ ပွဲမှာ ဂိုးအများကြီးသွင်းဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။










