DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ကျောင်းသား ၅ ဦးကို သာယာဝတီပို့ဆောင်
DVB
·
March 6, 2015
ဖမ်းဆီးခံ ကျောင်းသား ၅ ဦးကို သာယာဝတီပို့ဆောင်
Donate to DVB

လက်ပံတန်းဈေးရှေ့မှာ ဒီမနက် ဖမ်းဆီးခံခဲ့ရတဲ့ သပိတ်မှောက်ကျောင်းသား ၅ ဦးကို လက်ပံတန်းရဲစခန်းကနေ သာယာဝတီ ခရိုင်ရဲစခန်းကို လွှဲပြောင်းပို့ဆောင်လိုက်ပြီလို့  လက်ပံတန်းမြို့မ ရဲစခန်းက ပြောပါတယ်။

“မနက်က ဖမ်းတာ ကျား ၄၊ မ ၁ ပါ။ ကျောင်းသားတွေချည်းပါ။ သတင်းထောက်တွေ မပါဘူး။  အမှုဘာမှာ မဆွဲရသေးပါဘူး။ ဘာမှမလုပ်ဘူး။ ခရိုင်ရုံးကို သွားပို့ထားတယ်။ အခုသာယာဝတီမှာပါ” လို့ လက်ပံတန်းရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့ဆန္ဒပြသူတွေ အကြမ်းဖက်ဖမ်းဆီးခံရမှု အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတွေကို ရှင်းလင်းပြောဆိုနေစဉ် ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးပြီး ကားနဲ့အတင်းအကျပ်ခေါ်ဆောင်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံထားရသူတွေကတော့ ကျောက်​ဆည်​ခရိုင်​ ​ကျောင်းသားများသမဂ္ဂက ကိုရဲရင့်​ပိုင်​မှူး၊ ကို​အောင်​မင်းခန့်​၊ ကိုသာ​အေး၊  မန္တ​လေးခရိုင်​ ​ကျောင်းသားများသမဂ္ဂက မအိသဉ္ဇာ​မောင်​နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်က ကိုရဲမျိုး​ဆွေတို့ဖြစ်ပါတယ်။

ဖမ်းဆီးခံ ​ကျောင်းသား​တွေ လွတ်​​မြောက်​​ရေးအတွက်​   ဒီမိုကရေစီပညာရေး ပင်​မ သပိတ်​​စစ်​​ကြောင်းက ဗကသ​ကျောင်းသား​တွေ ဖြစ်​တဲ့ ဖြိုးဖြိုး​အောင်​၊ မြတ်​သူတို့ နှစ်​ဦးက လုံခြုံ​ရေး ရဲတပ်​ဖွဲ့ အကြီးအကဲ​တွေနဲ့ သွားရောက် ​ဆွေး​နွေးညှိနှိုင်းမှု​တွေ ပြုလုပ်​​နေပါတယ်​။

ကျောင်းသားသပိတ်ခေါင်းဆောင် ကိုကျော်ကိုကိုက “အဲဒါက သူတို့ လွတ်မြောက်ဖို့အတွက် သွားတွေ့တာ။ သူတို့ကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းတာ။ အာဏာပိုင်တွေဘက်က ထူးထူးခြားခြားအကြောင်းပြန်တာတော့မရှိဘူး။ အခုလာတွေ့ပါပြောတယ်။ ကျနော်တို့ အခုထပ်ပြီးတော့ သွားကြတယ်ဗျာ။”

သပိတ်မှောက် ကျောင်းသားတွေကို အားပေးတဲ့အတွက်ဆိုပြီး မနေ့က ဖမ်းဆီးခံခဲ့ရတဲ့ လက်ပံတန်း ဒေသခံ ၁၁ ဦးကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ လက်ပံတန်းမြို့မ ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013