DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးကာလ စာမေးပွဲပြန်ဖြေခိုင်းသည့်အပေါ် ဗကသ ကန့်ကွက်
DVB
·
April 15, 2025
ငလျင်ဘေးကာလ စာမေးပွဲပြန်ဖြေခိုင်းသည့်အပေါ် ဗကသ ကန့်ကွက်
Donate to DVB

ငလျင်လှုပ်ခတ်ပြီးနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာတွေ မီးလောင်ကျွမ်းတာကြောင့် ကျောင်းသားတွေကို စာမေးပွဲပြန်ဖြေခိုင်းမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့အချုပ် (ဗကသ) က ဧပြီ ၁၄ ရက်က ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

ကျောင်းသားကျောင်းသူတွေဟာ ငလျင်ဒဏ်ကိုလည်း ခံရ၊ မရေရာတဲ့ တက္ကသိုလ်ဝင်တန်းရမှတ်အတွက်လည်း ပူပင်ရနဲ့ တပူပေါ် တပူဆင့် ရတဲ့ ကျဉ်းထဲ ကျပ်ထဲ အခြေအနေကို ဆိုက်ရောက်နေရကြောင်း၊ ဒီစာမေးပွဲကို ပြန်အာရုံစိုက်ရမယ့် ကျောင်းသား ကျောင်းသူတွေအပေါ် မတရားတဲ့ ဖြေရှင်းချက်သာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။ 

ဒါ့အပြင် မြန်မာပြည်သမိုင်းမှာလည်း အစိုးရစစ် စာမေးပွဲဖြေဆိုသူအားလုံးကို တပြေးညီ အအောင်ပေးလိုက်ရတဲ့ အဖြစ်အပျက်တခု ရှိခဲ့ဖူးတယ်လို့ ပါရှိပါတယ်။ 

အခုဖြစ်ပေါ်ခဲ့တဲ့ မီးလောင်မှုဟာ သဘာဝဘေးရဲ့ နောက်ဆက်တွဲဖြစ်တာကြောင့် ကျောင်းသားတွေ မနစ်နာအောင် ဖြေရှင်းပေးဖို့ တာဝန်ရှိကြောင်း၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသားပြည်သူများအနေနဲ့လည်း ဒီအခြေအနေကို ဆန့်ကျင်ကြဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးအနေနဲ့ စစ်ကျွန်ပညာရေးစနစ်ရဲ့ ယိုယွင်းပျက်စီးမှုတွေကို ဆုံးခန်းတိုင် ဖာထေးနိုင်ဖို့  သီးသန့် လုပ်ဆောင်လို့ မရတဲ့အကြောင်း၊ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်ဖြိုချနိုင်မှသာ ကျောင်းသားပြည်သူအားလုံးနဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို လက်လှမ်းမီနိုင်မှာ ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က တိုက်တွန်း‌ပြောဆိုထားပါတယ်။

ဒီဂျူလိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013