ဗကသများအဖွဲ့ချုပ်ဖေ့စ်ဘွတ် ဆိုက်ဘာတိုက်ခိုက်ခံရ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တရားဝင်ပြန်ကြားရေး စာမျက်နှာတခုဖြစ်တဲ့ All Burma Federation Of Student Unions- CEC ဖေ့စ်ဘွတ်ခ်စာမျက်နှာကို နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီဝန်းကျင်လောက်မှာ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါဖေ့စ်ဘွတ်ခ်ကို ဆက်သွယ်ဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့နဲ့ အကယ်လို့ ဆက်သွယ် လာခဲ့ရင်လည်း ငါတို့ခေတ်စာစဉ်သို့ လာရောက်ဆက်သွယ်အကြောင်းကြား ပေးကြဖို့ကိုလည်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုဟန်မင်းစိုးက ပြောပါတယ်။
အခုလို ဆိုက်ဘာတိုက်ခိုက်ခံရတာဟာ ဒါပထမဆုံးဖြစ်တယ်လို့သိရပြီး ငွေကြေးအလှူခံတာတွေ၊ အဖွဲ့အစည်း သိက္ခာချတာတွေ ဖြစ်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။











